ပြင်သစ်သတင်းစာ Le Figaro ရဲ့ထုတ်ပြန်ချက်အရ PSG တိုက်စစ်မူး ဘာပေ ဟာ ကမ္ဘာ့အပြေးအမြန်ဆုံး ဘောလုံးကစားသမားအဖြစ် သတ်မှတ်ခံရကြောင်း သိရပါတယ်။

Source: PSG Talk

ဘာပေဟာ တစ်နာရီကို (၃၆) ကီလိုမီတာနှုန်းဖြင့် မြန်နှုန်းမြင့်ကစားသမားတွေဖြစ်တဲ့ အာဆင်နယ်တိုက်စစ်မူး အူဘာမီယန်း နှင့် မန်စီးတီးကစားသမား ဆာနေး တို့ရဲ့အထက်မှာ ရပ်တည်နိူင်ခဲ့တာပါ။

Le Figaro ကပြုစုထားတဲ့စားရင်းရဲ့ ဒုတိယနေရာမှာတော့ စပိန်မှ ဘီဘာအိုတိုက်စစ်မူး အီနာကီဝီလျီယံက တစ်နာရီ (၃၅.၇) ကီလိုမီတာဖြင့် ရပ်တည်နေပါတယ်။

Source: AS English

ယခုစားရင်းရဲ့ ထိပ်ဆုံး (၈) ဦးဟာ တစ်နာရီ (၃၅) ကီလိုမီတာနှင့်အထက် ပြေးနိုင်ခဲ့သူတွေဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာက ဒီစာရင်းထဲမှာ ဒိတ်ဒိတ်ကြဲကစားမသားတွေဖြစ်တဲ့ မက်စီနဲ့ရော်နယ်ဒိုတို့ ပါဝင်ခဲ့ခြင်းမရှိတာပါပဲ။

ကမ္ဘာ့အမြန်ဆုံးဘောလုံးသမား (၁၀) ဦးစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

Source: The Sun

  1. Kylian Mbappe – 36km/h
  2. Inaki Williams – 35.7km/h
  3. Pierre-Emerick Aubameyang – 35.5km/h
  4. Karim Bellarabi – 35.27km/h
  5. Kyle Walker – 35.21km/h
  6. Leroy Sane – 35.04km/h
  7. Mohamed Salah – 35km/h
  8. Kingsley Coman – 35km/h
  9. Alvaro Odriozola – 34.99km/h
  10. Nacho Fernandez – 34.62km/h