ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ကိုင်လီယန် ဘတ်ပီဟာ အသင်းရဲ့ နောက်ဆုံး မက်မောလောက်ဖွယ်စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်သွားမှာဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းက ၎င်းရဲ့လက်ရွေးစင်အသင်းဖော် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့်လည်း လီဂူးဝမ်းမှာ ဆက်လက်ကစားလိုစိတ်မရှိတော့တာဖြစ်ပါတယ်။

ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရတဲ့ ဘတ်ပီဟာ လက်ရှိအချိန်မှာတော့ အားကောင်းတဲ့ ကောလာဟလတွေထွက်ပေါ်နေပြီဖြစ်ပြီး ၎င်းကို ခေါ်ယူနိုင်ဖို့ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ ၎င်းရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့အချိန်ကျရင် လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ထွက်ခွာခွင့်တောင်းသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Kylian Mbappe Reportedly Wants To Leave PSG And Join Real Madrid

Photo: CaughtOffSide

ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက် အစီအစဉ်တွေ ဆွဲနေတယ်လို့ ကောလာဟလတွေထွက်ပေါ်နေပေမယ့်လည်း အဲဒီသတင်းတွေက မိုနာကိုကြယ်ပွင့်ဟောင်းကို အသင်းမှာ ဆက်နေချင်လောက်အောင် မဆွဲဆောင်နိုင်တာဖြစ်ပါတယ်။ Marca ရဲ့ ဖော်ပြချက်အရ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတော့ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ချင်တဲ့ ၎င်းရဲ့ အိပ်မက်နောက်ကို လိုက်တော့မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ရှိနေမလား ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းကပဲ ယခုနွေရာသီမှာ ၎င်းကို ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ပြန်လည်ရရှိအောင် ရောင်းထုတ်သွားမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဘတ်ပီကို စိတ်ဝင်စားနေတာဟာ အံ့အားသင့်စရာတော့မဟုတ်ဘဲ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ ဘတ်ပီက ပီအက်စ်ဂျီအတွက် ၄၇ ပွဲမှာ အထင်ကြီးဖွယ် သွင်းဂိုး ၄၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ပိုတောင် အံ့အားသင့်စရာမရှိတော့တာဖြစ်ပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ ဆယ်စုနှစ်များစွာ ကြီးမားတဲ့ငွေကြေးသုံးစွဲပြီး အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပြီးနောက် လူသိများထင်ရှားလာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ပီးရက်ဇ်က ၎င်းရဲ့ မျိုးဆက်သစ် ကြယ်စင်စုအသင်းကို ဖန်တီးဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။