လာလီဂါ ပွဲစဉ် (၂၈) ပြိုင်ပွဲအားလုံးကို ယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း လာလီဂါဘောလုံးအဖွဲ့ချုပ်က တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါပြီ။

ရီရဲမက်ဒရစ် အသင်းသားတွေကိုလည်းး ဗိုင်းရပ်စ်စောင့်ကြည့်ရေးအတွက် သီးခြားခွဲထားလိုက်ကြောင်းလည်းသိရပါတယ်။ စပိန်မှာ ကစားမဲ့ ဘောလုံးပွဲတော်တော်များများကို ဗိုင်းရပ်စ် အန္တာရာယ်ကြောင့် ကွင်းပိတ်ကစားတာ ပြိုင်ပွဲရက်ရွှေ့ဆိုင်းတာတွေ လုပ်လာကြပါတယ်။

Source: SB Nation

ရီးရဲအသင်းသားတွေနဲ့ လေ့ကျင့်ရေးပစ္စည်းတွေ အတူမျှဝေသုံးစွဲခဲ့တဲ့ ဘတ်စကက်ဘော ကစားသမားတစ်ဦးဆီမှာ Covid-19 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာကြောင့် ရီးရဲအသင်းသားတွေကို သီးခြားခွဲထားပြီး စောင့်ကြည့်နေပါတယ်။

ဒါကြောင့် ရီးရဲအသင်းနဲ့အီဘာအသင်းတို့ယှဉ်ပြိုင် ကစားကျမဲ့ လာလီဂါပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မူဟာ အီတလီမှာ ဆိုးဆိုးရွားရွားဖြစ်နေပြီး အီတလီ ဝန်ကြီးချုပ် Giuseppe Conte ဟာ အီတလီစီးရီအေ ပြိုင်ပွဲအားလုံးကို ရက်အကန့်အသက် မရှိ ရပ်နားထားလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Source: Radio Newark

ဂျူဗီတပ်နောက်ခံကစားသမားတစ်ဦးဖြစ်သူ Daniele Rugani ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတာကြောင့် ဆေးကုသမူခံယူနေတယ်လို့သိရပါတယ်။ Rugani ဗိုင်းရပ်စ်ကူးစက်ထားခံရတာကြောင့် အင်တာမီလန် အသင်းဟာလည်း အားကစားနဲ့ပက်သတ်တဲ့ လှုပ်ရှားမူ အားလုံးကို ရပ်နားထားလိုက်ပါတယ်။

အလားတူ အဆင်နယ်နည်းပြ အာတီတာမှာလည်း ဗိုင်းရပ်စ် ကူးစက်ထားကြောင်း တွေ့ရှိပြီးတဲ့နောက် အာဆင်နယ်နဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ လေ့ကျင့်ရေးကွင်းကို ပိတ်ထားလိုက်သလို မကြာသေးခင် အတောအတွင်းက အာတီတာနဲ့ အနီးကပ် ထိတွေ့မှု ရှိခဲ့တဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း သီးသန့်ခွဲခြား စောင့်ကြည့်နေရပါတယ်။

Source: Metro

လက်ရှိအခြေအနေတွေကြောင့် ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကလည်း အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ပြုလုပ်ပြီး ပြိုင်ပွဲရဲ့ အနာဂတ် အလားအလာနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆွေးနွေးသွားမှာပါ။ အာတီတာက ကူးစက်ခံရတာအတွက် စိတ်ပျက်မိကြောင်း၊ သူ့အနေနဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပြီး အလုပ်ပြန်လုပ်နိုင်ဖို့ မျှော်လင့်မိကြောင်း ပြောကြားသွားပါတယ်။