စပိန်အစိုးရရဲ့ မီးစိမ်းပြန်မှုနဲ့အတူ လာလီဂါပြိုင်ပွဲတွေကို ဇွန်လ (၈) ရက်နေ့မှာ ပြန်လည်ကျင်းပနိူင်ဖွယ်ရှိနေပါတယ်။

လာလီဂါဘောလုံးပြိုင်ပွဲတွေကို မက်လကတည်းက ကျင်းပခွင့်ပိတ်ထားခဲ့ပြီး တာဝန်ရှိသူတွေက ပြန်လည်ကျင်းပနိူင်ဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ လာလီဂါတာဝန်ရှိသူတွေက ဇွန်လ (၁၂) ရက်နေ့နောက်ဆုံးထားပြီး ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်ကျင်းပဖို့ ရည်ရွယ်ထားကြပါတယ်။

Source: Scroll.in

“စပိန်မှာ လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ပြီးသွားပါပြီ။ နေ့စဉ်လုပ်နေကြ လုပ်ငန်းဆောင်တာတွေ ပြန်လည် ပြုလုပ်ကြဖို့ အချိန်တန်နေပါပြီ။ လာလီဂါ ဘောလုံးပွဲတွေလည်း ဇွန်လ (၈) ရက်နေမှာ ပြန်လာမှာပါ။” လို့စပိန်ဝန်ကြီးချုပ် Sanchez ကပြောဆိုသွားခဲ့ပါတယ်။

လာလီဂါ ဥက္ကဌ Javier Tebas ကတော့ ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ကျင်းပခွင့်ရတော့မှာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေပေမယ့် ကျန်းမာရေးထောက်ခံချက်ရှိမှ ဘောလုံးပြန်ကစားနိူင်မှာကိုတော့ စိုးရိမ်ကြောင့် ပြောဆိုသွားပါတယ်။

Source: From Managing Madrid

စပိန်ကလပ်အတော်များများစာ လေ့ကျင့်ခန်း အစီအစဉ်တွေပြန်လည်စတင်ခဲ့ကြပြီဖြစ်ပေမယ့် တာဝန်ရှိသူတွေက ချမှတ်ထားတဲ့ social distancing စည်းမျဉ်းကိုတော့ လိုက်နာနေရဆဲပါ။ ပြိုင်ပွဲတွေကိုတော့ ပရိသတ်မပါပဲ ကွင်းပိတ်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

Source: Sportskeeda

ဘာစီလိုနာဟာ ဒုတိယနေရာမှခါသီးပြိုင်ဘက်ရီရဲလ်မက်ဒရစ်အသင်းထက် (၆) မှတ်အသာနဲ့ ဇယားထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ လာလီဂါပွဲစဉ်တွေဟာ (၁၁) ပွဲအထိကျင်းပဖို့ကျန်ရှိနေပါသေးတယ်။ Leganes နဲ့ Mallorca အသင်းတွေကတော့ တန်းမကျအောင် ရုန်းကန်ရအုံးမှာပါ။