အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ ရသာဆန်းထူး ကွီး Review အစီအစဥ်ကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခါမှာတော့ မွန်းကြပ်မှုတွေကို ဖြေဖျောက်ရာမှာ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ အစားအသောက် ကောင်းကောင်းတွေစားပြီး ဖြေဖျောက်နိုင်ဖို့ အကောင်းဆုံးဖြစ်တဲ့ ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးမယ်နော်…အရမ်းကောင်းတဲ့ ဟင်းပွဲအရသာကြောင့်သာမက ချစ်သူတွေ၊ ဓာတ်ဖမ်းရတာကိုခရေဇီဖြစ်တဲ့သူတွေအတွက် လိုင်းပေါ်မှာ ကြွယ်လို့အကောင်းဆုံး Decoration လည်းရှိတော့ လူငယ်တွေကြားမှာ La Pie Sa ဆိုပြီး ရေပန်းစား နေတာပေါ့….

ဒီဆိုင်လေးကို အရင်တုန်းက Casa Mia ဆိုတဲ့ နာမည်နဲ့ Sule Square မှာ ဖွင့်ခဲ့တာဆိုတော့ အီတလီအစားအစာကြိုက်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ…. အခုကျတော့ အလန်းစားအပြင်အဆင်တွေနဲ့ Times City, Office Tower (3), Ground Floor မှာ La Pie Sa နာမည်နဲ့ အသစ်ပြန်ဖွင့်လိုက်တာပါဗျ… ကဲ ဒီတော့ ဆိုင်ရဲ့ဒီဇိုင်းကာလာဘာညာအနေအထားကိုရှိုးဖို့၊ အမိုက်စားဟင်းပွဲတွေရဲ့ Taste တွေကိုမြည်းဖို့ သွားကြစို့ဗျာ…

ဒီဆိုင်နဲ့ပတ်သက်ပြီး အရင်ဆုံးပြောချင်တဲ့ အချက်က Times City မှာဖွင့်ထားတာဆိုတော့ ဟံသာဝတီလမ်းဘက်ကလာလည်းရတယ်၊ ကျွန်းတောလမ်းဘက်ကလာလည်းရတယ်ဗျာ…. အနီးနားမှာလည်း Junction Square, Times City တို့ရှိနေတော့ Shopping ပတ်ပြီး ဒီဆိုင်လေးရဲ့ အရသာအရမ်းကောင်းတဲ့ အစားအသောက်တွေကို စားလို့ရတယ်…. အော်… ပြီးတော့ Times City ရဲ့ Basement Car Parking မှာ (၃)နာရီ ဖရီးရပ်လို့ရတယ်ဆိုတော့ ကားပါကင်အတွက် No need to worry ပဲလေ…

ကဲ ဆိုင်ထဲရောက်ပြီဗျာ… ဆိုင်ရဲ့အပြင်အဆင်လေးက လူငယ်ဆန်ဆန်နဲ့ အထာကျတယ်ဗျ…အပေါ်ထပ်နဲ့ အောက်ထပ်ဆိုပြီးရှိတယ်ဗျာ… အောက်ထပ်မှာက Space ကျယ်ကျယ်နဲ့ စတိုင်ကျကျထိုင်လို့ရမယ့် စားပွဲဝိုင်းတွေပြင်ဆင်ပေးထားတယ်… အပေါ်ထပ်ကိုတက်ဖို့အတွက် စိတ်တက်ကြွစေမယ့် အနီရောင် လှေကားကြီးက အဆင်သင့်စောင့်နေပါတယ်….လှေကားပေါ်မှာ ဓာတ်ဖမ်းရင်လည်း အလန်းစားပုံတွေရမယ်လို့ ပြောရဲပါတယ်…

ဆိုင်အပေါ်ထပ်ရဲ့အပြင်အဆင်ကတော့ ချစ်သူလေးရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်း ရိုမန်တစ်ဆန်ဆန် ညစာစားရင်းကြည်နူးစရာ အငွေ့အသက်တွေကို အပြည့်အဝ ခံစားနိုင်မယ့် ပုံစံလေးတွေ ပြင်ဆင်ထားပေးတယ်ဗျ။

La Pie Sa

 

La Pie Sa

 

La Pie Sa

 

La Pie Sa

 

La Pie Sa

အစားအစာတွေကို ပါးစပ်နဲ့မစားခင် မျက်စိနဲ့အရင်စားတယ် ဆိုတဲ့အတိုင်း အကြည့်တစ်ချက်မှာ ကြွေဆင်းသွား မယ့် Plating လှလှလေးတွေနဲ့တည်ခင်းပေးတဲ့ ပီဇာ၊ ပါစတာ၊ ဟင်းပွဲတွေ၊ အီတလီ အချိုပွဲတွေဆိုပြီး ရွေးစရာ အများကြီးရှိတာဆိုတော့ အီတလီအစားအစာကြိုက်သူတွေ မဖြစ်မနေ လာစားရမယ့်ဆိုင်လေးပါဗျ…. အီတလီအစားအစာတွေအပြင် Asian Food, Western Food, Soup, Salad, Sandwich နဲ့ La Pie Sa ရဲ့ ဝါရင့်စားဖိုမှူးတွေလက်စွမ်းပြထားတဲ့ Special Menu တွေလည်း အများကြီးရှိတယ်….။ ကဲဒါဆို ဒီဆိုင်ရဲ့ နာမည်ကြီးလူကြိုက်များတဲ့ အစားအစာတွေကို မြည်းစမ်းကြည့်လိုက်ရအောင်ဗျာ။

စစချင်း အီတလီ အစားအစာလေးနဲ့ ဖွင့်လိုက်မယ်ဗျ။ ဒီပီဇာလေးကိုတော့ ပီဇာကြိုက်တဲ့ ဘုရင်မရဲ့ နာမည်ကို အစွဲပြုပြီး Margherita Pizza လို့ခေါ်ပါတယ်ဗျ။ ခရမ်းချဥ်သီး အနှစ် နဲ့ Mozzarella Cheese တို့ကိုသာပေါင်းစပ်ထားပြီး Thin Crust ပါးပါးလွှလွှနဲ့ကြွပ်ကြွပ်ရွရွပုံစံလေး ဖန်တီးထားတာဖြစ်ပါတယ်။ အရသာလေးက ရိုးရှင်းပြီး ဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းတဲ့ ပီဇာလေးပါပဲဗျ။

ဒါလေးကတော့ Crispy Duck ဟင်းပွဲလေး….ဒီဟင်းပွဲလေးမှာမယ်ဆိုရင်တော့ LapieSa ကနေ Special Serve လုပ်ပေးတယ်ဗျ။ ပုံထဲမှာ မြင်တွေ့ရတာတွေကတော့ ဘဲသားအကြွပ်ကြော်လေးရယ် ပန်ကိတ်သားအရွက်ပါးပါးလေးတွေရယ် သခွားသီး၊ကြက်သွန်မြိတ် လေးတွေနဲ့ Chinese ဆော့စ်တစ်မျိုးဖြစ်တဲ့ HOISIN SAUCEအနှစ်လေးတွေရယ်ပဲဖြစ်ပါတယ်ဗျ။ အရင်ဦးဆုံး ဘဲသားအကြွပ်ကြော်လေးကို အမျှင်လေးတွေဖြစ်အောင်ခြေပေးပါ။ပြီးနောက် ပန်ကိတ်သားအရွက်လေးတွေပေါ်ခHOISIN ဆော့စ်အနှစ်လေးတွေကို ဆမ်းလိုက်ပါ။ ခုနက မျှင်ထားသောဘဲသားအကြွပ်ကြော်လေးရယ် သခွားသီးနဲ့ကြက်သွန်မြိတ်ကို ကျကျနစီစီရီရီလေးထည့်ပြီးသွားပြီဆိုရင်တော့ အလိပ်လေးကိုလိပ်ပြီး သုံးဆောင်နိုင်ပါပြီဗျ။ ဘဲသားလေးတွေရဲ့ ကြွပ်ရွပြီး အချိုဓါတ်လေးကို ခရမ်းချဥ်သီးဆော့စ်ရဲ့ အချဥ်ဓါတ်လေးနဲ့ ပန်ကိတ်အရသာဆိမ့်ဆိမ့်လေး ပြီးနောက်ကြွက်သွန်မြိတ်လေးရဲ့ ပူရှိန်းရှိန်းအရသာလေးကပံ့ပိုးလိုက်တော့ တစ်ကိုက်ကိုက်လိုက်တိုင်းမှာ အစပ်အဟပ်တည့်လိုက်ဖက်မှုကြီးက စားသုံးသူတိုင်း အကြိုက်တွေ့ကြမှာ အသေအချာပါပဲဗျ။

La Pie Sa ရဲ့စားဖိုမှုးကိုယ်တိုင်စပ်ထားတဲ့အမွှးအကြိုင်၅မျိုးပါ ဆော့စ်နဲ့နှပ်ထားပြီး ကင်ထားတဲ့ BBQ Chickenလေးက စားဖူးသူတိုင်း ထပ်ခါထပ်ခါပြန်လည်စားချင်စေတဲ့ Signature ဟင်းပွဲလေးပါပဲဗျ။ ဆော့စ်ရဲ့ ချိုစပ်မွှေးအရသာလေးက ကြက်သားရဲ့ Juicyဖြစ်နေတဲ့အချိုဓါတ်လေးနဲ့ပေါင်းစပ်သွားပြီး နူးအိနေတဲ့ အသားအရသာလေးက လျှာပေါ်မှာစွဲကျန်ရစ်ခဲ့တယ်ဗျ။

ဒီဟင်းပွဲလေးကတော့ ရှမ်းစတိုင်အာလူးထောင်းလေးပါ။ အာလူးထောင်းရဲ့အရသာဆိမ့်ဆိမ့်လေးနဲ့ ငရုတ်သီးအစပ်လေးပါတော့ စားလို့ထိထိမိမိရှိတယ်ဗျ။

Pork Chop ဟင်းပွဲလေးကတော့ နူးညံ့ပြီး အာလူးကြော်လေးတွေနဲ့ ဟင်းအနှစ်လေးတွေက လိုက်ဖက်ပြီး စားလို့ကောင်းတယ်ဗျ။

နောက်ထပ်အသောက်တစ်လိုင်း ကွီးတို့ ညိုကီတို့အတွက်လည်း La Pie Sa မှာ ဝိုင်အမျိုးအစား စုံစုံလင်လင်ရှိတယ်… ပြီးတော့ Cocktails, Beer, Whiskey အများကြီးပဲဗျာ…. ရှိတဲ့ Drinks တွေအကုန်သာပြောပြရင် မသောက်ရသေးဘဲမူးသွားနိုင်တယ်…. ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာ Try ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျ..Coffee, Mocktail, Fresh Juice တွေလည်းရတယ်ဆိုတော့ Drink လိုင်းမှာလည်း တော်တော်ပြည့်စုံ တယ်လို့ပြောလို့ရပါတယ်…

La Pie Sa

နာမည်ဆန်းဆန်းလေးတွေနဲ့Cocktailတွေထဲကမှ ခပ်ပြင်းပြင်းလေးကြိုက်တဲ့အတွက် Tell me Something ဆိုတဲ့ cocktail လေးကိုမြည်းစမ်းကြည့်ခဲ့ပါတယ်ဗျ။

နောက်တစ်ခုကတော့ အပတ်စဉ်တိုင်းမှာလည်း Live Music Program, Ladies’ Night, Happy Hour အစီအစဉ်တွေရှိတယ်ဆိုတော့ ဘော်ဒါတွေနဲ့အပျော်ကျူးလို့ကောင်းသလို ချစ်သူနဲ့အတူ Romantic Moment လေးတွေလည်း ဖန်တီးလို့ရတယ်နော်…

La Pie Sa

ဒါဆို Times City, Office Tower 3 Ground Floor မှာရှိတဲ့ La Pie Sa ကို အရောက်လာပြီး အရသာအကောင်းဆုံး မီနူးတွေ၊ ရှယ်လန်းတဲ့ Drink တွေသောက်ရင်း အကောင်းဆုံးအချိန်လေးတွေကို ကိုယ်ချစ်ခင်ရသူတွေနဲ့အတူတူ ဖြတ်သန်းဖို့ပဲလိုတော့တာပေါ့…. လာခဲ့နော်…. အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ La Pie Sa က စောင့်မျှော်နေပါမယ်…..