ကမ္ဘာကျော် ပေါ့ပ်ဘုရင်မတစ်ဦးလို့လူသိများတဲ့ အမေရိကန်အဆိုတော် တေးရေးသူ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လေဒီဂါဂါကတော့ လက်ရှိမှာအသစ်ထွက်ရှိလာတဲ့သူမရဲ့ အမိုက်စားသီချင်းဗီဒီယိုအသစ်နဲ့အတူ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ထပ်မံသိမ်းပိုက်သွားခဲ့ပြန်ပါတယ်။ ” 911 ” လို့အမည်ပေးထားတဲ့ သူမသီချင်းသစ်ကတော့ ထွက်ရှိလာတာနာရီပိုင်းပဲရှိသေးပေမယ့် YouTube မှာဝင်ရောက်ကြည့်ရှု့သူ 5.7 million ကျော်ရရှိနေပြီဖြစ်ပါတယ်။

Source : Pedestrian TV

အဆိုပါ ” 911″ လို့အမည်ပေးထားတဲ့ သူမရဲ့သီချင်းအသစ်မှာတော့ သူမဘဝမှာကြုံတွေ့ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေ နာကျင်စရာတွေနဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေများစွာကို ဖွင့်ဟရေးသားထားတာဖြစ်ပါတယ်။ ၅ မိနစ်နီးပါးရှိတဲ့သူမရဲ့ သီချင်းဗီဒီယိုထဲမှာတော့ လေဒီဂါဂါရဲ့ ပုံစံအတိုင်းအမိုက်စား ထူးထူးခြားခြားဖက်ရှင်တွေနဲ့ ဇာတ်လမ်းတိုပုံစံ ခပ်မိုက်မိုက်ရိုက်ကူးပုံဖော်ထားတဲ့ သီချင်းပုံစံလေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Source : Gaga Daily

မကြာသေးမှီလပိုင်းကလည်း တောင်ကိုရီယားမိန်းကလေးအဆိုအဖွဲ့ BLACKPINK နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Sour Candy သီချင်း ၊ Ariana Grande နဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ Rain On Me သီချင်းတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားတွေကိုဖမ်းစားနိုင်ခဲ့သလို ယခုတစ်ခေါက်အသစ်ထွက်ရှိလာတဲ့ သူမရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေများစွာဖော်ပြထားတဲ့ ” 911 ” သီချင်းနဲ့လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုများစွာကို ထပ်မံရရှိခဲ့ပြန်ပြီဖြစ်ပါတယ်။ Kwee စာဖတ်ပရိသတ်တွေအနေနဲ့လည်း လေဒီဂါဂါအမိုက်စားသီချင်းအသစ်လေးကို နားမထောင်ရသေးရင် အခုပဲနားဆင်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

911 – Lady Gaga

Source : Lady Gaga