ချဲလ်ဆီးအသင်ကိုနည်းပြဖို့အတွက် အသင်းရဲ့ကစားသမားဟောင်း Lampard နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက် ရရှိခဲ့ပြီလို့ အသင်းတာဝန်ရှိသူတွေကပြောထားပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမဲ့ရက်အနည်းငယ်အတွင်းမှာ အသင်းရဲ့နည်းပြသစ်ဖြစ်သူ Lampard ကိုတရားဝင်မိတ်ဆက်ဖွယ်ရှိနေပါတယ်။လက်ရှိ Lampard တာဝန်ယူထားတဲ့ Derby County အသင်းကလည်း ထွက်ခွာဖို့ခွင့်ပြုပေးခဲ့ပြီဖြစ်ပါတယ်။ အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Lampard ဟာ ချဲလ်ဆီးအသင်းမှာ ၁၃ နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့တာပါ။

Source: Mirror

အသင်းတွက် ပွဲပေါင်း ၆၄၀ ကျော် ပါဝင်ကစားပေးထားခဲ့ပြီး ဂိုးပေါင်း၂၀၀ ကျော် သွင်းယူပေးထားနိုင်တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်။ Lampard ဟာ ချဲလ်ဆီးအသင်းအတွက် သမိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲမှာ ပါဝင်ပါတယ်။

Lampard ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံး၊ အက်ဖ်အေ ဖလား ၄ လုံး၊ လိဂ်ဖလား ၂ လုံး နဲ့ ယူရိုပါလိဂ် ဖလား ၂ လုံး တို့ကိုရရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် Ronaldinho ရွှေဘောလုံးဆုရရှိခဲ့တဲ့အချိန်မှာလည်း Lampard ဟာ ဒုတိယနေရာရှိခဲ့တဲ့ထိ အောင်မြင်ကျော်ကြားခဲ့တဲ့ ကစားသမားတဦးပါ။

Source: The Football Faithful

ချဲလ်ဆီးအသင်းဟာ Lampard ကို သုံးနှစ်စာချုပ်နဲ့ တနှစ်ကို ပေါင် ၅.၅ သန်းပေးချေဖွယ်ရှိနေပါတယ်။ ဒီနှုန်းထားက နည်းပြဟောင်း Maurizio Sarri ရဲ့တနှစ်လုပ်ခ ပေါင် ၅ သန်းထက်ပိုများပါတယ်။Derby အသင်းရဲ့ နည်းပြအဖွဲဝင်တွေဖြစ်တဲ့ Jody Morris နဲ့ Chris Jones ကိုလည်းနည်းပြအဖွဲဝင်အဖြစ် ချဲလ်ဆီးအသင်းဆီ ခေါ်ဖို့အစီအစဉ်ရှိနေပါတယ်။

Source: Zimbio

ချဲလ်ဆီးအသင်းဟာ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရတဲ့အသင်းပါ။ ပြီးတော့ အသင်းရဲ့အဓိကကစားသမားဖြစ်သူ ဟာဇက်ကို ရီးရဲအသင်းထံ လက်လွှတ်လိုက်ရပါတယ်။ ဒါကြောင့် နည်းပြသစ်ဖြစ်လာမဲ့ Lampard အတွက် လာမဲ့ရာသီမှာ စိန်ခေါ်မှုတွေနဲ့ ကြုံရဖွယ်ရှိနေပါတယ်။ Lampardဟာ ချဲလ်ဆီးအသင်းကို ဘယ်လိုပြုပြင်ပြောင်းလဲမှု မျိုးတွေလုပ်မလဲဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပါ။