ယနေ့ခေတ် ကွန်ပျူတာများသည် ဆိုဒ်အမျိုးအစားအစုံ၊ ဒီဇိုင်းကာလာအစုံ ထွက်ရှိနေတာဖြစ်ပြီး ကျနော်တို့ရဲ့ ဒစ်ဂျစ်တယ်လောကကို ပိုမိုလွယ်ကူမြန်ဆန်လာအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ ငွေကြေးအကုန်အကျခံပြီး Laptop အကောင်းစားတစ်လုံးဝယ်ကာ မိမိရဲ့အလုပ်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသူများသည်လည်း အများအပြားရှိကြပါတယ်။ ဈေးကြီး ပေးဝယ်ထားရတဲ့ ကိုယ့်ရဲ့ တန်ဖိုးကြီး Laptop တစ်လုံးကို ရေရှည် အသုံးခံအောင် ထိန်းသိမ်း နည်းများကိုလည်း သိထားသင့်ပါတယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ လက်ပ်တော့ထဲမှာ ထိန်းသိမ်းထားတဲ့ ကိုယ်ပိုင်ဒေတာများကိုလည်း မပျောက်မပျက်ဘဲနဲ့ ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး နောက်ထပ် ပိုက်ဆံမကုန်အောင်လည်း ထိန်းသိမ်းမိလျက်သားဖြစ်သွားပါတယ်။

ကွန်ပျူတာနဲ့ တစ်နေကုန် အလုပ်လုပ်နေရတဲ့ ကွီးတို့အတွက် ကိုယ့်ရဲ့ တန်ဖိုးကြီး Laptop တစ်လုံးကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီးတဲ့နောက်မှာ အချိန်အကြာကြီး အသုံးခံအောင် ဘယ်လို ထိန်းသိမ်း သင့်သလဲဆိုတာ ဝေမျှပေးလိုက်ရပါတယ်။

လက်ပ်တော့တစ်ခုလုံးကို ကာဗာနဲ့ သေချာဂရုစိုက်ပါ

Laptop ထိန်းသိမ်း

Photo: Popsci

ကိုယ့်ရဲ့ လက်ပ်တော့ပေါ်သို့ ကော်ဖီများ၊ အအေးဖျော်ရည်များ၊ ရေတွေ မှောက်ကျတာမျိုး ကြုံဖူးပါသလား။ ဒါမှမဟုတ် လက်ပ်တော့ပေါ်သို့ ရေတွေ လက်မတင်ကလေး ဖိတ်လုနီးပါး ဖြစ်ဖူးပါသလား။ အစားအစာများ ကိုင်ထားတဲ့ ဆီပေတဲ့လက်ဖြင့် မိမိလက်ပ်တော့ကို ပြန်ကိုင်ဖူးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့ရဲ့ လက်ပ်တော့သည် ဘယ်တော့မှ ကြာရှည်အသုံးခံမှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့ လက်ပ်တော့ကို ကြာရှည်အသုံးခံစေချင်တယ်ဆိုရင် အသေးအဖွဲကအစ ဂရုစိုက်ရမှာဖြစ်ပါတယ်။ လက်ပ်တော့ ထည့်တဲ့ အိတ်သပ်သပ်တစ်လုံး ထားပါ။ လက်ပ်တော့ Key များအတွက် Protective Cover ရှိမယ်ဆိုရင် ရှာပြီး ဖုံးထားလိုက်ပါ။ လက်ပ်တော့အပြင်ကာဗာအတွက် ကာဗာရှိမယ်ဆိုလည်း ဝယ်တပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ စိတ်ချလက်ချနဲ့ အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။

Operating System များကို အမြဲတမ်း Update လုပ်ပါ

Laptop ထိန်းသိမ်း

Photo: Driversupport

သင့်ရဲ့ ကွန်ပျူတာတစ်လုံးအတွက် အခြေခံ ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိချင်တယ်ဆိုရင်တော့ Operating System များကို အမြဲတမ်း Update လုပ်ထားဖို့ လိုအပ်ပါတယ်။ သင်သည် Windows လက်ပ်တော့များပဲသုံးသုံး Mac ပဲ သုံးသုံး သင့်ရဲ့ လက်ပ်တော့ စွမ်းဆောင်ရည်ကို မြင့်တင်စေချင်တယ်ဆိုရင်တော့ Update လုပ်ထားတာအကောင်းဆုံးပါပဲ။ သတိထားရမယ့်အချက်တစ်ခုကတော့ အချို့သော Update တွေသည် အချိန်အများကြီး စောင့်ဆိုင်းရတဲ့အတွက်ကြောင့် မိမိအလုပ်လုပ်ခါနီးမှ Update တင်တာမျိုးမဟုတ်ဘဲ၊ အလုပ်အားလုံး ပြီးသွားတဲ့အချိန် (သို့) အိပ်ရာ ဝင်ခါနီးအချိန်တွေမှာ Update တင်သင့်တာပဲဖြစ်ပါတယ်။

အလွန်အကျွံ အားမသွင်းမိအောင်လည်း ဂရုစိုက်ရပါမယ်

Laptop ထိန်းသိမ်း

Photo: Whatsabyte

သင့်ရဲ့ Laptop ကို အားသွင်းတဲ့အခါမှာလည်း အလွန်အကျွံ အားမသွင်းမိအောင်လည်း ထိန်းသိမ်း သင့်ပါတယ်။ မလိုအပ်ဘဲနဲ့ အားသွင်းထားခြင်းသည် လက်ပ်တော့ ဘက္ထရီရဲ့ သက်တမ်းကို တိုသွားစေနိုင်ပါတယ်။ ဘက္ထရီက သိပ်မကုန်သေးဘဲနဲ့ အားသွင်းတာမျိုးကို ရှောင်ကြည်ပါ။ ဒါ့အပြင် အား ၁၀၀ ပြည့်သွားပြီဆိုတာနဲ့ အားသွင်းကြိုးကို ဖြုတ်ပစ်လိုက်ဖို့ မမေ့ပါနဲ့။

မလိုအပ်တဲ့ Junk Files နှင့် ပရိုဂရမ်များကိုလည်း ဖယ်ရှားပစ်ပါ

Laptop ထိန်းသိမ်း

Photo: Cocosenor

သင့်ရဲ့ ကွန်ပျူတာသည် အသုံးမလိုတဲ့ ဖိုင်များကို ဖယ်ရှားထားမယ်ဆိုရင် အသုံးပြုရတာ လေးပင်မနေတော့ဘဲ ပိုမိုမြန်ဆန်လာတာကို တွေ့မြင်ရပါလိမ့်မယ်။ Recycle Bin များကိုလည်း သေချာစီစစ်ပြီးတဲ့နောက်မှာ အသုံးမလိုတော့ဘူးဆိုရင် တစ်ခါတည်း ဖျက်ပစ်လိုက်ပါ။ Web Page များကိုလည်း အချိန်မှန် ဖယ်ရှားဖို့ရန်အတွက် မမေ့လျော့သင့်ပါဘူး။

လက်ပ်တော့ကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပါ

Laptop ထိန်းသိမ်း

Photo: Thespruce

လက်ပ်တော့ကို သန့်ရှင်းရေး လုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး ကွန်ပျူတာနှင့် ချိတ်ထားတဲ့ USB များကို ဖြုတ်ထားလိုက်ပါ။ ထို့နောက် Laptop ကို ပါဝါပိတ်ထားပြီး ပြုပြင် ထိန်းသိမ်း ရေး လုပ်ငန်းစဥ်ကို စတင်နိုင်ပါပြီ။ လက်ပ်တော့ Key တွေ ကြားထဲမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်များကို သေချာသန့်ရှင်းရေး ပြုလုပ်ပေးလိုက်ပါ။ လက်ပ်တော့ စခရင်မ်ကိုလည်း မေ့ကျန်ခဲ့လို့မရပါဘူး။ တစ်ခုသတိထားရမှာကတော့ အရည်များ ရွှဲနစ်နေအာင် ပြုလုပ်ထားတဲ့ အဝတ်စတဲ့ မသုတ်မိဖို့ပါပဲ။ လျှပ်စစ်ပစ္စည်းများနှင့် အရည်သည် ကမ္ဘာ့ရန်သူတွေဆိုတာ ကျနော်တို့အားလုံး သိပြီးသားဖြစ်ပါတယ်။

Passwords များကို Update ပြုလုပ်ပါ

Passwords

Photo: Tipspinta

၈၁ ရာခိုင်နှုန်းသော Hacking ပြဿနာများသည် လက်ပ်တော့များ အခိုးခံရခြင်းကြောင့်သော်လည်းကောင်း၊ လက်ပ်တော့ Password က လွယ်ကူရိုးရှင်းတဲ့ Password များ ဖြစ်နေခြင်းကြောင့်ဖြစ်တယ်လို့ ဒေတာစစ်တမ်းများအရသိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ လက်ပ်တော့ Password ကို ခန့်မှန်းရလွယ်တဲ့ မွေးနေ့နံပါတ်များ၊ ၁၂၃၄၅ အစရှိတဲ့ နံပါတ်များ မပေးပါနဲ့။ အနည်းဆုံး Character ၁၀ လုံး အသုံးပြုပါ။ စာလုံး အကြီး အသေး အသုံးပြုပါ။ သင်္ကေတ Sign များ အသုံးပြုရပါမယ်။

Data များကို Back Up ထားပါ

Data

Photo: Rocksdigital

မတော်တဆဆိုတာ ဘယ်အချိန်ဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။ စက်က လုံးဝကို ဟမ်းသွားပြီး Windows အသစ်ပြန်တင်ရတဲ့အခါမျိုး (သို့) မသမာသူတွေ ခိုးယူသွားတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အရေးကြီး ဒေတာများ ပျောက်ဆုံးသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အတွက် အဖိုးမဖြတ်နိုင်တဲ့ ဒေတာများကို Storage နောက်တစ်မျိုးထဲမှာ Back Up Plan အနေနဲ့ ထည့်သိမ်းထားသင့်ပါတယ်။ ဒါကတော့ အရေးပေါ်အခြေအနေများအတွက် အသုံးပြုရမှာဖြစ်ပါတယ်။

Source: Hp

Featured Image: Americanexecutivecenters