၁. Greenland (ဒိန်းမတ်), 2,130,800 km2 (822,706 sq ml)
Source: EUobserver
Greenland ကျွန်းဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ရေခဲပြင်ကြီးကို ပိုင်ဆိုင်ထားပြီး လူဦးရေ (၅၆၀၀၀) ခန့် နေထိုင်နေကြပါတယ်။
၂. New Guinea (အင်ဒိုနီးရှားနှင့်နယူးဂီနီ), 785,753 km2 (303,381 sq ml)
Source: Wikipedia
ဒီကျွန်းပေါ်မှာတော့ လူဦးရေ (၇.၅) သန်းခန့်နေထိုင်လျက်ရှိပါတယ်။
ကျွန်းရဲ့ ကီလိုမီတာ (၇၈၆၀၀၀) ခန့်ဟာ အပူပိုင်းဒေသဖြစ်ပြီးတော့ ဇီဝမျိုးစုံမျိုးကွဲများစွာ ပိုင်ဆိုင်ထားတဲ့ကျွန်းလည်းဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့မျိုးစိတ်ပေါင်း ၅% နှင့် ၁၀% လောက်ဟာ နယူးဂီနီကျွန်းမှာ တွေ့နိုင်ပါတယ်။
၃. ဘောနီယို (အာရှ), 748,168 km2 (288,869 sq ml)
Source: TravelTriangle
ဘောနီယိုကျွန်းစုဟာ အာရှရဲ့အကြီးဆုံး ကျွန်းဖြစ်ပြီးတော့ ဘရူးနိုင်း၊အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံတို့က အနည်းငယ်ဆီပိုင်ဆိုင်ထားကြပါတယ်။
၄. မာဒါဂါစကား (မာဒါဂါစကား), 587,713 km2 (226,917 sq ml)
Source: Eastern African Archeology
မာဒါဂါစကား ကျွန်းဟာ အာဖရိကတောင်ပိုင်း၏အရှေ့ဘက်ကမ်းရိုးတန်း၊ မိုဇမ်ဘစ် နိုင်ငံ အရှေ့ဘက်ပိုင်းမှာ တည်ရှိပြီးတော့ ကမ္ဘာ့ စတုတ္ထ အကြီးဆုံးကျွန်းကြီးဖြစ်ပါတယ်။
၅. Baffin ကျွန်း (ကနေဒါ), 507,451 km2 (195,928 sq ml)
Source: Road Scholar
ကနေဒါနိုင်ငံရဲ့ အကြီးဆုံးကျွန်းကြီးဖြစ်ပေမယ့် နေထိုင်တဲ့လူဦးရေဟာ (၁၁၀၀၀) ကျော်ကျော်ပဲရှိပါတယ်။
၆. Sumatra ကျွန်း (အင်ဒိုနီးရှား), 473,481km2 (184,954 sq ml)
Source: Encyclopedia Britannica
ဒီကျွန်းပေါ်မှာ လူဦးရေ သန်း (၅၀) ခန့်နေထိုင်နေပြီး အင်ဒိုနီးရှား ရဲ့ အကြီးဆုံးကျွန်းဖြစ်ပါတယ်။ အကြီးဆုံး မြို့ကတော့ Medan မြို့ဖြစ်ပြီး လူဦးရေ (၄) သန်းခန့် နေထိုင်လျက်ရှိပါတယ်။
၇. Honshu (ဂျပန်), 225,800km2 (87,182 sq ml)
Source: Gap-Year
ဂျပန်နိုင်ငံရဲ့ အကြီးဆုံးကျွန်းနဲ့ လူဦးရေအထူထပ်ဆုံးကျွန်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်းပြီးရင် ဒုတိယ လူနေအထူထပ်ဆုံး ကျွန်းလည်းဖြစ်ပါတယ်။
၈. Victoria ကျွန်း (ကနေဒါ), 217,291km2 (83,897 sq ml)
Source: Victoria News
ကနေဒါနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ဗြိတိသျှ ကျွန်းထက် အနည်းငယ်ပိုကြီးပါတယ်။
၉. Great Britain (UK), 209,331km2 (80,823 sq ml)
Source: Infoplease
ဥရောပ နိုင်ငံတွေရဲ့ အကြီးဆုံးကျွန်းဖြစ်ပြီး ဗြိတိသျှကျွန်းစုထဲမှာလည်း အကြီးဆုံးဖြစ်ပါတယ်။ လူဦးရေ (၆၂) သန်းခန့်နေထိုင်နေပြီး တတိယ လူနေအထူထပ်ဆုံး ကျွန်းလည်းဖြစ်ပါတယ်။
၁၀. Ellesmere ကျွန်း (Canada), 196,236km2 (75,767 sq ml)
Source: www.canada.ca
ကမ္ဘာ့ ဒသမမြောက် အကြီးဆုံးကျွန်းဖြစ်ပြီးတော့ ကနေဒါနိုင်ငံရဲ့ တတိယ အကြီးဆုံး ကျွန်းလည်းဖြစ်ပါတယ်။