ဖက်ရှင်ကျတဲ့အမျိုးသားအဖို့ အဝတ်အစားဖက်ရှင်ကိုပဲ အလေးထားကြတာမဟုတ်ပါဘူး။ ဆံပင်စတိုင်လ်ကလည်း တစ်နည်းတစ်ဖုံ ကူညီထောက်ပံ့ပေးပါသေးတယ်။ ဆံပင်စတိုင်လ်ဆိုတာကလည်း သူ့ခေတ်သူ့အခါနဲ့ စတိုင်လ်အမျိုးမျိုး ခေတ်စားသွားတာပဲဖြစ်ပါတယ်။

အရင်က ခေတ်စားခဲ့တဲ့ ဆံပင်ကေတွေက အခုအချိန်မှာတော့ ရေပန်းစားလူကြိုက်များတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အသက်အရွယ် အပိုင်းအခြားပေါ် မူတည်ပြီး အကြိုက်တွေကလည်း တစ်ခေါက်နဲ့တစ်ခေါက် တူညီမှာမဟုတ်ပါဘူး။

တချို့ကလည်း ဆံပင်ရှည်ထားရတာ နှစ်သက်လေ့ရှိကြပြီး တချို့ကျတော့ ဆံပင်အတိုနဲ့ ခပ်မိုက်မိုက်လန်းနေရတာကို ပိုကြိုက်ကြပါတယ်။ မိမိရဲ့ အကြိုက်အမျိုးမျိုးပေါ် မူတည်ပြီး စတိုင်လ်ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်အမျိုးမျိုးကို လေ့လာကြည့်လိုက်ရအောင်။

မျက်နှာဝိုင်းတဲ့သူတွေအတွက်ရော မျက်နှာလေးထောင့်ပိုင်ရှင်၊ တြိဂံပုံမျက်နှာပိုင်ရှင်တိုင်းနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်နိုင်ဖို့အတွက် ဝေမျှပေးခဲ့တဲ့ဆံပင်စတိုင်လ်လေးတွေကို သဘောကျနှစ်ခြိုက်မှု ရှိကြရဲ့လား။

Source: Pinterest