Latex ကွန်ဒုံးဟာ ယေဘုယျအားဖြင့် လူအသုံးအများဆုံး ကွန်ဒုံး အမျိုးအစားတွေထဲက တစ်ခုဖြစ်ပေမယ့် အချို့လူတွေမှာ ဓာတ်မတည့်တဲ့ ပြဿနာ ရှိတက်ပါတယ်။ Latex ကွန်ဒုံးတွေကို ရော်ဘာပင်က ထွက်တဲ့ အစေးကနေ ပြုလုပ်ထားတာ ဖြစ်ပြီး ရာဘာသားနဲ့ ဓာတ်မတည့်သူဆိုရင် အရေပြား ယားယံတာ ၊ နီမြန်းရောင်ရမ်းတာ ၊ အဖုအပိန့်တွေ ထွက်တာ စတာတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။ အကယ်၍ ကွီးတို့က Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်သူတစ်ယောက်ဆိုရင် ဘယ်လို ကွန်ဒုံးအမျိုးအစားတွေကို အစားထိုး အသုံးပြုနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။

(၁) Polyurethane ကွန်ဒုံး

Polyurethane condoms
Photo : Healthline

ဒီကွန်ဒုံးအမျိုးအစားကတော့ ပါးလွှာတဲ့ ပလတ်စတစ်သားနဲ့ ပြုလုပ်ထားပါတယ်။ အခြားသော ကွန်ဒုံးတွေနည်းတူ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကိုယ်ဝန်ရနိုင်ခြေ တားဆီးပေးပါတယ်။ အားနည်းချက်က ဈေးကြီးသလို Latex ကွန်ဒုံးတွေလို ဝတ်ရတာ Fit ဖြစ်မနေပဲ လျော့တိလျော့ရဲ ဖြစ်နေတဲ့အတွက် ဆက်ဆံစဉ်မှာ ကျွတ်ထွက်တာ ၊ ချော်ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

(၂) Polyisoprene ကွန်ဒုံး

polyisoprene condom
Photo : Yoxly

ဓာတုနည်းပညာနဲ့ ဖန်တီးထားတဲ့ ရော်ဘာကနေ ပြုလုပ်ထားတဲ့ ကွန်ဒုံးအမျိုးအစား ဖြစ်ပါတယ်။ Latex ကွန်ဒုံးတွေနဲ့ ယှဉ်ရင် Polyisoprene ကွန်ဒုံးတွေက ပိုမို ပျော့ပျောင်းပြီး ဆွဲဆန့်နိုင်ပါတယ်။ Polyisoprene ကွန်ဒုံးတွေဟာလည်း လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ မလိုချင်တဲ့ ကိုယ်ဝန်ရနိုင်ခြေ ကာကွယ်ပေးနိုင်ပါတယ်။

(၃) Lambskin ကွန်ဒုံး

lambskin condoms
Photo : Medium

Lambskin ကွန်ဒုံးတွေဟာ တိရိစ္ဆာန်ထုတ်ကုန်ကနေ ဖန်တီးထားတဲ့ တစ်ခုတည်းသော ကွန်ဒုံးအမျိုးအစား တစ်ခုဖြစ်ပြီး သိုးသားရေ သို့မဟုတ် သိုးအူကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Latex နဲ့ ဓာတ်မတည့်သူတွေ ရွေးချယ်အသုံးပြုနိုင်တဲ့ ကွန်ဒုံးအမျိုးအစား တစ်ခုဖြစ်ပြီး ကိုယ်ဝန်ရနိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကိုတော့ မကာကွယ်နိုင်ပါဘူး။

(၄) Female ကွန်ဒုံး

Female condoms
Photo : Telegraph India

Internal ကွန်ဒုံးလို့ ခေါ်ပါတယ်။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းမှာ ထည့်သွင်းဝတ်ဆင် အသုံးပြုရတဲ့ ကွန်ဒုံးအမျိုးအစားပါ။ အမျိုးသမီး ကွန်ဒုံးတွေဟာ ဆီလီကွန်ချောဆီ သုတ်လိမ်းထားတဲ့ Polyurethane ကွင်းတပ် ပျော့ပျောင်းတဲ့ ပလတ်စတစ်သား ကွန်ဒုံးအမျိုးအစား ဖြစ်ပြီး မိန်းမကိုယ်ရဲ့ အတွင်းပိုင်းမှာ လိုသလို ပုံစံချ ထည့်သွင်းအသုံးပြု နိုင်အောင် အထူးဖန်တီး ထုတ်လုပ်ထားပါတယ်။ Latex ကွန်ဒုံးတွေလို ချက်ချင်းဝတ်ဆင်အသုံးပြုလို့ မရပဲ ချစ်တင်းမနှောခင် နာရီပိုင်းအလိုကတည်းက မိန်းမကိုယ်အတွင်း ကြိုတင်ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။

Source : Cleveland Clinic

Featured Photo : Unsplash