ရယ်မောခြင်းဆိုတာ တကယ်တော့အစွမ်းထက်လှတဲ့ သဘာဝနတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်ဆိုင်ရာမှာပါ အကျိုးသက်ရောက်မှုတွေများစွာရှိပါတယ်။ ဒီနေ့ဆောင်းပါးလေးကနေ ရယ်မောခြင်းက လူ့ခန္ဓာကိုယ်ပေါ် ဘယ်လိုအကျိုးကျေးဇူးများ သက်ရောက်စေလဲဆိုတာ မျှဝေပေးချင်ပါတယ်။

Source : SHRM
စိတ်ဖိစီးမှုလျော့နည်းစေတယ် – စိတ်ရောကိုယ်ပါ ရယ်မောခြင်းက ရုပ်ပိုင်းဆိုင်ရာတင်းမာမှုနှင့် စိတ်ဖိစီးမှုများကိုလျော့ကျသက်သာစေပါတယ်။ လူတစ်ယောက်ဟာ အားရပါးရရယ်မောပြီး ၄၅ မိနစ်ခန့်အကြာမှာ ခန္ဓာကိုယ်ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ဖိစီးမှုတွေသက်သာသွားစေမှာဖြစ်ပါတယ်။
ကိုယ်ခံအားမြင့်တင်ပေးတယ် – ရယ်မောခြင်းက ကိုယ်ခံအားဆဲလ်တွေတိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။
ပျော်ရွှင်စေတယ် – ရယ်မောခြင်းနဲ့ ပျော်ရွှင်မှုက ဆက်စပ်မှုရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။ ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်ကနေ Endorphins ဟော်မုန်းဓာတ်တွေထွက်လာစေပြီး ၎င်းကပျော်ရွှင်ခြင်းစိတ်ခံစားမှုတွေကိုမြင့်တင်ပေးကာ နာကျင်မှုတွေကိုလျော့ကျသက်သာစေပါတယ်။
နှလုံးရောဂါကာကွယ်ပေးတယ် – ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းသွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး နှလုံးရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးပြဿနာတွေကိုကာကွယ်ပေးပါတယ်။

Source : Thrive Global
ကယ်လိုရီလောင်ကျွမ်းစေတယ် – လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ၁၀ မိနစ် (သို့မဟုတ်) ၁၅ မိနစ်ခန့် ရယ်မောခြင်းက ခန့်မှန်းခြေအားဖြင့် ကယ်လိုရီ ၄၀ ခန့်လောက်ကျွမ်းစေတယ်လို့ သုတေသနပညာရှင်တွေကဆိုပါတယ်။
အသက်ရှည်ကျန်းမာစေတယ် – ရယ်မောခြင်းသည်အသက်ရှည်စေ၏ ဆိုသည်အတိုင်း ရယ်မောခြင်းက ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီး နှလုံး အသည်း ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုကောင်းမွန်စေတဲ့အပြင် ကင်ဆာရောဂါကိုတောင်မှ ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။
