အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လူတာရိုမာတီနက်ဇ်ရဲ့အေးဂျင့် အယ်လ်ဘာတိုရက်ခ်က လာလီဂါချန်ပီယံဘာစီလိုနာအသင်းဟာ  အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

Source: SportsKeeda

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီနက်ဇ်ဟာ ရေးဆင်းအသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ပြီးနောက် တစ်ရာသီအကြာမှာပဲ ယူရို ၁၁၂ သန်းနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး တိုက်စစ်မှူး အီကာဒီနဲ့အသင်းတို့ မပြေမလည်ဖြစ်နေချိန်မှာ အသင်းရဲ့တိုက်စစ်အတွက် ဆုံချက်တစ်ခုဖြစ်လာခဲ့သူဖြစ်ပါတယ်။

Source: Fox Sports Asia

“ဘာစီလိုနာရဲ့စိတ်ဝင်စားမှုနဲ့ပတ်သက်တဲ့ ပြောကြားချက်တွေက အမှန်ပါပဲ”“ဘယ်သူကမှ ကျွန်တော်တို့ကို ဖုန်းမခေါ်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို သေသေချာချာစောင့်ကြည့်နေတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်။ ဘာစီလိုနာက သူ့ကိုနှစ်သက်နေတယ်ဆိုတာ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အလွန်အလုပ်များနေပြီး ချယ်ဆီးနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့သလို ဒီယေဂိုဂိုဒင်၊ ဗလန်တီနိုလာဇာရို၊ စတီဖာနိုဆန်စီစတဲ့ ကစားသမားတွေကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

Source: AS English – Diario AS

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူနဲ့ ကက်ဂလီယာရီကွင်းလယ်ကြယ်ပွင့် နီကိုလာဘာရယ်လာတို့ကို ခေါ်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေပြီး အသင်းကို ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။