ပြီးခဲ့တဲ့ ဧပြီလတုန်းက Lava Blaze 2 ကို သက်သာတဲ့ ဈေးနှုန်း အိန္ဒိယရူပီး ၉၀၀၀ ခန့်နဲ့ ရောင်းချခဲ့ပြီး ယခုတဖန် ပိုကောင်းတဲ့ ကင်မရာ ၊ RAM နဲ့ ဈေးအနည်းငယ် ပိုများတဲ့ Pro ဗားရှင်း အသစ်ကို မိတ်ဆက်လာပါပြီ။ Lava Blaze 2 Proရဲ့ ဈေးနှုန်းကတော့ ရူပီး ၁၀၀၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Lava Blaze 2 Pro

Photo : Gizmochina

ယခင်ထွက်ခဲ့တဲ့ Lava Blaze 2 မှာ 13MP ကင်မရာနဲ့ 2MP Module တို့ တပ်ဆင်ပေးထားပြီး ယခု Pro ဗားရှင်း မှာတော့ ပိုကောင်းတဲ့ 50MP Main ကင်မရာနဲ့ 2MP ကင်မရာ ၂ လုံး တွဲဖက်အသုံးပြု ထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ Lava Blaze 2 တုန်းကလိုပဲ Pro ဗားရှင်းမှာလည်း 8MP ကင်မရာကို အသုံးပြုထားပါတယ်။

နောက်ထပ် ထူးခြားတဲ့ ပြောင်းလဲမှုအနေနဲ့ကတော့ RAM ပါ။ Lava Blaze 2 မှာ RAM 6GB ပါဝင်လာခဲ့ပြီး Pro ဗားရှင်းမှာတော့ RAM 8GB အထိ တိုးမြှင့်ပါလာခဲ့ကာ 8GB Virtual RAM လည်း ရွေးချယ်စရာပါလာပါတယ်။ Chipset အနေနဲ့ကတော့ ယခင်အသုံးပြုခဲ့တဲ့ Unisoc T616 ကိုပဲ ဆက်လက်အသုံးပြုထားပြီး Storage ကလည်း အတူတူပါပဲ။ 128GB Built-In Storage နဲ့ microSD Card Slot ကနေတဆင့် 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Photo : GSMArena.com

ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 ကို အသုံးပြုထားပြီး ၆.၅ လက်မ IPS မျက်နှာပြင် 720 x 1,600px Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီကလည်း အတူတူပါပဲ။ USB-C ကနေတဆင့် 18W Charging စနစ်နဲ့ အားသွင်းနိုင်မယ့် 5,000mAh ဘက်ထရီ အသုံးပြုပေးထားပြီး အားအပြည့်သွင်းဖို့ အချိန် ၂ နာရီကျော် ကြာပါတယ်။

Pro ဗားရှင်း ဟာလည်း ယခင် Lava Blaze 2 နည်းတူ 4G ဖုန်းတစ်လုံး ဖြစ်ပြီး Wi-Fi 5 (ac) ၊ Bluetooth 5.0 တို့ ထောက်ပံ့ပေးထားပြီး 3.5mm နားကြပ်ပေါက်လည်း ပါပါတယ်။ ဖုန်းရဲ့ ဘေးဘက်ကိုယ်ထည်မှာ လက်ဗွေဖတ်စက်နဲ့ Face Unlock လည်း ပါလာပါသေးတယ်။

Lava Blaze 2 Pro

Photo : GSMArena.com

Lava Blaze 2 Pro ဖုန်းကို Cool Green ၊ Thunder Black နဲ့ Swag Blue ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး စတင်ရောင်းချမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

Featured Photo : Jagran English