စီးရီးအေကလပ် လာဇီယိုအသင်းရဲ့ တိုက်စစ်မူးဖြစ်သူ အင်မိုဘိုင်းဟာ စီးရီးအေရွှေဖိနပ်ဆုအပြင် ဥရောပရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးရရှိသွားကြောင်း သိရပါတယ်။

စီးရီးအေ ရာသီအပိတ်ပွဲစဉ်အဖြစ် နာပိုလီအသင်းနှင့် ကစားခဲ့တဲ့ပွဲစဉ်မှာ လာဇီယိုအသင်းဟာ (၃-၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပေမယ့် အင်မိုဘိုင်းဟာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိူင်ခဲ့တာကြောင့် စီးရီးအေ သွင်းဂိုး (၃၆) ဂိုးအထိရှိလာခဲ့ပါတယ်။ စီးရီးအေ တစ်ရာသီအတွင်း ဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဟီဂွမ်အင် (၃၆) ဂိုးစံချိန်ကိုလည်း လိုက်မှီခဲ့ကြောင်းသိရပါတယ်။ လာဇီယိုအသင်းဟာလည်း အဆင့် (၄) နေရာမှာ ရပ်တည်နိူင်ခဲ့တာကြောင့် နောက်နှစ်အတွက် ချန်ပီယံဝင်ခွင့် တစ်နေရာရရှိခဲ့ပါတယ်။

Source: SportsZion

အသက် (၃၀) နှစ်အရွယ် အင်မိုဘိုင်းဟာ ဥရောပ ရွှေဖိနပ်ဆုကို ဘိုင်ယန်မြူးနစ်မှ ရောဘတ် လီဝမ်ဒေါစကီးနှင့်ဂျူဗီတပ်မှ စီရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အင်မိုဘိုင်းဟာ ဥရောပရွှေဖိနပ်ဆုကို ပထမဆုံးအကြိမ်ရယူနိူင်ခဲ့ခြင်းဖြစ်ပါတယ်။

Source: Fool’s Corner

ဥရောပရွှေဖိနပ်ဆုကို ပြီးခဲ့တဲ့ (၃) နှစ်ဆက်တိုက်ရယူနိူင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မူး မက်ဆီမှာ လာလီဂါသွင်းဂိုး (၂၅) ဂိုးသာရရှိခဲ့ပါတယ်။ မက်ဆီဟာ ဥရောပ ရွှေဖိနပ်ဆုကို (၆) ကြိမ်ရရှိထားပြီး အများဆုံးအဖြစ် စံချိန်တင်ထားပါတယ်။

အင်မိုဘိုင်းဟာ စီးရီးအေ ရွှေဖိနပ်ဆုကို ယခုတစ်ကြိမ်အပါအဝင် (၃) ကြိမ်ဆွတ်ခူးနိူင်ခဲ့ပါတယ်။ ပထမဆုံး စီးရီးအေ ရွှေဖိနပ်ဆုကို (၂၀၁၄-၂၀၁၄) ဘောလုံးရာသီမှာ သွင်းဂိုး (၂၂) ဂိုးဖြင့်ရရှိခဲ့ပြီး ဒုတိယရွှေဖိနပ်ဆုကို (၂၀၁၇-၂၀၁၈) ဘောလုံးရာသီတွင် (၂၉) ဂိုး ယခု (၂၀၁၉-၂၀၂၀) ဘောလုံးရာသီတွင် (၃၆) ဂိုးဖြင့် အသီးသီးရရှိခဲ့ပါတယ်။

Source: The-Indian-Express

အင်မိုဘိုင်းဟာ လာဇီယိုအသင်းအတွက် ပြိုင်ပွဲစုံ (၁၇၈) ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး (၁၂၅) ဂိုးအထိသွင်းယူပေးထားပါတယ်။`