ကွီးတို့ဆီမှာ LDRS လို့ အတိုကောက် အမည်ပေးထားတဲ့ အဝေးရောက်ချစ်သူတွေ ရှိနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ LDRS တည်မြဲဖို့အတွက် ပေးဆပ် ရမှာတွေက မနည်းမနောပါပဲ။ အခုဖော်ပြပေးမယ့် အချက်တွေက အသိသာဆုံးပါပဲ။

ထိတွေ့ခွင့်တွေ ဆုံးရှုံးရမယ်

couple hugging

တစ်နိုင်ငံတည်း၊ တစ်မြို့တည်း၊ တစ်ရပ်ကွက်တည်းမှာ ချစ်သူ အဖြစ် ချစ်ခွင့်ရနေရင်တောင်မှ နေ့တိုင်း တွေ့ခွင့်ရဖို့ဆိုတာ သေချာတာမဟုတ်ပါဘူး။ ရေခြား မြေခြား ဝေးကွာနေရင်တော့ ပြောမနေပါနဲ့တော့။ တစ်ယောက်နဲ့ တစ်ယောက်က မိုင်ပေါင်း ထောင်ချီ ဝေးကွာနေတာဆိုတော့ အထိအတွေ့နဲ့ နွေးနွေးထွေးထွေး ရှိခွင့်လည်း ရမှာ မဟုတ်ပါဘူး။

ကိုယ်မဟုတ်တဲ့ အခြားသူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးရင်လည်း ခံနိုင်ရည်ရှိရမယ်

friends

ကိုယ် မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးတာက ကိုယ့်ထက်ပိုများပါလိမ့်မယ်။ ထိုသူငယ်ချင်းတွေက မိန်းကလေးလည်း ဖြစ်နိုင်သလို ယောကျာ်းလေးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ကောင်မလေးက ကိုယ့်အပေါ် အပြည့်အဝ ချစ်တယ်လို့ ယုံကြည်မှု ထားမယ်ဆိုရင်တော့ ပြဿနာ မရှိပေမယ့် ကွီးတို့က သဝန်တိုတတ်တဲ့သူ၊ ကွီးတို့ စကီလေးကလည်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတတ်တဲ့သူဆိုရင်တော့ ကွီးတို့ပဲ ပူလောင်ရပါလိမ့်မယ်။

အချိန်ကွာခြားချက်ကလည်း အဓိက ပြဿနာပါပဲ

LDRS ပေးဆပ်

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့တင်ပဲ အချိန်ကွာခြားချက်က နာရီဝက်ကွာပါတယ်။ မိနစ်အပိုင်းအခြားလောက် ကွာတာက ကိစ္စမရှိပေမယ့် အချိန်ကွာဟချက်က နာရီပေါင်း များစွာ ကွာခြားနေရင်တော့ ပြဿနာပါပဲ။ ကိုယ်က နေ့ဆို၊ သူ့ဘက်က ည၊ ကိုယ်က အိပ်ကောင်းနေချိန်မှာ သူ့ဘက်က ကိုယ့်ကို ဖုန်းခေါ်ရင် စကားပြောရ၊ ကိုယ် အားရင် သူ မအားနဲ့ အချိန်ကွာခြားချက်ကို လိုက်ညှိနေရတာကလည်း ဒုက္ခတစ်ခုပါပဲ။ အိပ်ရေးပျက် ညတွေကို စွန့်လွှတ်ရမှာဖြစ်ပြီး ကြာလာရင် တစ်ယောက်ကို တစ်ယောက် ငြိုငြင်လာပါလိမ့်မယ်။

လေလှိုင်းပေါ်ကပဲ ဆက်သွယ်လို့ရမယ်

LDRS ပေးဆပ်

သတိရလို့ ပြေးတွေ့ချင်တိုင်းလည်း ပြေးတွေ့လို့မရပါဘူး။ လေယာဥ် လက်မှတ်ခတွေ၊ ခရီးစရိတ်တွေက အလကားရနေတာမှ မဟုတ်ဘဲ။ ကွီးတို့က ကျိကျိတက် ချမ်းသာနေတဲ့ ဘောစိကြီးဆိုရင်တော့ တစ်မျိုးပေါ့ဗျာ။ နို့မဟုတ်ရင်တော့ လေလှိုင်းပေါ်ကနေပဲ ဆက်သွယ်လို့ရမှာပါ။

LDRS သည် အသည်းနုတဲ့သူတွေအတွက် မဟုတ်ပါဘူး

LDRS ပေးဆပ်

ဟုတ်ပါတယ်။ ကွီးတို့က အသည်းမာပြီး စိတ်ခိုင်ခိုင်ထားနိုင်မှသာလျှင် LDRS ကို ရွေးချယ်သင့်ပါတယ်။ နို့မဟုတ်ရင်တော့ LDRS ကြောင့် အသည်းတွေ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေပြီး ပေးဆပ် ရမယ့် အချိန်၊ ငွေကြေး၊ မျက်ရည် စသည်ဖြင့် အများကြီးပါပဲ။ ဒါ့ကြောင့် တွဲပြီးမှ LDRS ဖြစ်သွားတယ်ဆိုရင်တော့ အမြန်ဆုံး နီးစပ်ဖို့ နှစ်ယောက်စလုံးက ကြိုးစားဖို့ လိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ဘဲ အီစီကလီ လုပ်နေတဲ့သူက LDRS ဆိုရင်တော့ အစောကတည်းက ခံစားချက်ကို ဖြတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော LDRS ကြောင့် ဘာတွေ ပေးဆပ် လိုက်ရပြီလဲ။

Source: Ldrmagazine

Featured Image: Bfi.co.id