LDRS အချစ်ရေး တစ်ခုဟာ တကယ်တော့ မလွယ်ကူလှပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုတွေ ၊ နားလည်မှုတွေ နဲ့ သစ္စာရှိစွာတည်ဆောက်ရတဲ့ အချစ်ရေးတစ်ခုဖြစ်တာကြောင့် သာမာန် Relationship တွေထက်ကို ပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် အဝေးရောက်ချစ်သူတွေအနေနဲ့ အနေဝေးပေမယ့် သွေးအေးသွားတယ် မဖြစ်ရလေအောင် အခုပြောပြမယ့်အချက်လေးတွေ လိုက်နာကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ရိုးသားပွင့်လင်းမှုရှိပါ

LDRS

Photo : Medium

ဒီအချက်က အရမ်းကို အရေးကြီးပါတယ်။ အနေဝေးနေတဲ့အတွက် သံသရာဆိုတာ များစွာဝင်လာနိုင်ပါတယ်။ မျက်စိရှေ့မှာတောင် အဖြစ်အပျက်မျိုးစုံနဲ့ ကွဲကွာသွားတဲ့ Relationship တွေ မနည်းမနောရှိတာကြောင့် အနေဝေးနေတဲ့သူတွေအတွက် ပိုပြီးစိတ်မချစရာတွေများပါတယ်။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းရှိပါ။ သံသယစိတ် လုံးဝအဖြစ် မခံပါနဲ့။ ယုံကြည်မှုကို သူများတွေထက်ပိုပြီး နှစ်ဆတည်ဆောက်ပါ။

(၂) အချိန်တစ်ခု သတ်မှတ်ပါ

LDRS

Photo : Insider Guides

LDRS တစ်ခုဟာ တစ်ယောက်တစ်နေရာစီ မိုင်ထောင်ချီ ဝေးနေတာကြောင့် သာမာန် Relationship တွေလို မကြာခဏတွေ့ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် အနေဝေးပေမယ့်လည်း အမြဲနီးကပ်နေသလို ခံစားရစေဖို့ အချိန်တစ်ခု သတ်မှတ်ရပါမယ်။ ဥပမာ ည (၉) နာရီကနေ ည (၁၁) နာရီအထိကို သီးသန့်အချိန်လေးတစ်ခု သတ်မှတ်ပြီး Video Call နဲ့ မျက်နှာချင်းဆိုင် စကားတွေပြောတာ ဖုန်းတွေ ပြောတာမျိုး ပြုလုပ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့ အချိန်ကိုလည်း မပျက်မကွက် အချိန်ပေးနိုင်အောင် ကြိုးစားပါ။

(၃) တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို ပြောပြထားပါ

Photo : Medium

ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေတစ်ယောက်နဲ့ တစ်ယောက်ပေးသိထားမယ်ဆိုရင် ပိုပြီးယုံကြည်မှုတိုးစေသလို ကိုယ့်မေ့နေတဲ့ ကိုယ့်ရဲ့တစ်နေ့ အချိန်ဇယားကိုလည်း ကိုယ့်ချစ်သူက သတိပေးလာမှာဖြစ်တဲ့အတွက် အပြန်အလှန်ကူညီရာလည်းရောက်ပါတယ်။ ဥပမာ စာမေးပွဲအချိန်တွေ အလုပ်အင်တာဗျူး Meeting အချိန်တွေ စသည့်ဖြင့် အရေးကြီးတဲ့ အချိန်ဇယားတွေကို သိနေမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်သတိပေးကာ မေးဖကူညီနိုင်မှာ ဖြစ်ပါတယ်။

(၄) အတူတူလုပ်လို့ရမယ့် အရာတွေပြုလုပ်ပါ

LDRS

Photo : Oh, Susannah

ရုပ်ပိုင်းအရ တစ်နေရာစီမှာ ရှိတာကြောင့် တစ်ယောက်နဲ့တစ်ယောက်အတူ ပျော်စရာလေးတွေ မဖန်တီးနိုင်တာမျိုး မဖြစ်ပါစေနဲ့။ ချစ်မှုရေးရာအကြံပေးပုဂ္ဂိုလ်တွေကတော့ Skype ကနေ ရုပ်ရှင်အတူကြည့်တာ ဖြစ်ဖြစ် ဒါမှမဟုတ် Netflix လို Streaming Services တွေကနေ သင်ချစ်တဲ့သူနဲ့အတူ Episodes နဲ့ ဇာတ်လမ်းတွဲတွေ ကြည့်တာမျိုး လုပ်ဖို့ အကြံပေးကြပါတယ်။ ဒါမှမဟုတ်လည်း အွန်လိုင်းပဟေဠိလေးတွေ ဖြေတာ ၊ ဂိမ်းအတူတူ ဆော့တာမျိုးလုပ်ပြီးလည်း ဝေးနေပေမယ့် နီးစေမယ့် လုပ်စရာလေးတွေ လုပ်ကြည့်သင့်ပါတယ်။

(၅) ရည်မှန်းချက် တစ်ခုချမှတ်ပါ

LDRS
Photo : Filmore Pharma

လက်ရှိမှာ အနေဝေးနေပေမယ့် တစ်ယောက်တစ်နေရာစီ ကြိုးစားရင်း ဘဝအတွက်အခြေခိုင်မာတဲ့ အခြေအနေတစ်ခု အုတ်မြစ်ချပြီးချိန်မှာတော့ အတူတူပြန်လည်ပေါင်းစည်း နေထိုင်မယ်ဆိုတဲ့ ရည်မှန်းချက်ခပ်ကြီးကြီး ချမှတ်ထားသင့်ပါတယ်။ ရည်မှန်းချက်တွေနဲ့ ပြည့်နေအတွက် ကိုယ့်ရဲ့ အချစ်ရေးဟာလည်း ပိုမိုအဓိပ္ပါယ် ပြည့်ဝနေမှာဖြစ်ပြီး အတူတူနီးစပ်ခွင့်ရဖို့ ဆထက်တိုး ပိုကြိုးစားမိကြမှာ ဖြစ်ပါတယ်။

Source : Insider Guides

Featured Photo : Medium