LeEco ကနေ ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော် အတွက် ဖုန်းအသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ ဒီ ဖုန်း ကတော့ LeEco S1 Pro ပါ။ iPhone 14 Pro နဲ့ တစ်ထပ်တည်း ပုံစံတူတဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်လုံး ဖြစ်ပါတယ်။

LeEco S1 Pro

Photo : TechNave

LeEco S1 Pro ဖုန်းမှာ iPhone နည်းတူ Dynamic Island ပါ ပါရှိပါတယ်။ ဖုန်းရဲ့အပြင်ပန်းက iPhone 14 Pro နဲ့ ချွတ်စွတ်တူနေအောင် ထုတ်ထားတဲ့အတွက် iPhone ဖုန်းမဟုတ်တဲ့ iPhone လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

LeEco S1 Pro ဖုန်းမှာ ၆.၅ လက်မ 720x1600px LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး ပုံမှန် 60Hz refresh rate ရှိပါတယ်။ 12nm Zhanrui T7510 Chipset ကို အသုံးပြုထားပြီး 4 1.8GHz Cortex-A75 cores နဲ့ 4 1.8GHz Cortex-A55 cores တို့နဲ့ မောင်းနှင်ထားပါတယ်။ Graphics အတွက်ကိုတော့ Clock Speed 800MHz, 9446 GPU သုံးထားပါတယ်။

LeEco S1 Pro

Photo : Gagadget.com

LeEco S1 Pro ဖုန်း ကို 8/128GB တစ်မျိုးတည်းသာ ထုတ်ထားပြီး 10W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီနဲ့ လာပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် 5MP ကင်မရာနဲ့ အနောက်ဘက် 13MP Main ကင်မရာတို့ တပ်ဆင်ပေးထားပါတယ်။ LeEco S1 Pro ဖုန်းမှာ GMS အစား Huawei ရဲ့ Mobile Services တွေ ပါရှိပြီး Google ရဲ့ Suite ကိုတော့ တရုတ်နိုင်ငံမှာ မရရှိနိုင်တာက အံ့သြစရာမရှိပါဘူး။

LeEco S1 Pro 8/128GB မော်ဒယ်ကို ယွမ် ၈၉၉ (မြန်မာငွေ ၃ သိန်း ဝန်းကျင်ခန့်)နဲ့ တရုတ်နိုင်ငံမှာ ကြိုတင်အော်ဒါမှာယူနိုင်ပြီ ဖြစ်ပါတယ်။

Photo : GSMArena.com