အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ် အသင်းဟာ ချန်ပီယံရှစ်တွင် (၄၃) ပွဲကစားထားပြီး (၈၃) မှတ်ရရှိထားကာ အမှတ်ပေးဇယားကို ဦးဆောင်းထားကာ ပရီးမီးယားလိဂ်သို့ တန်းတက်ရန် သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။

Source: Sports Mole
လိဒ်စ်အသင်းဟာ ပွဲစဉ် (၃၄) အဖြစ် ဆွမ်းဆီးအသင်းနဲ့ကစားခဲ့တဲ့ပွဲတွင် အနိူင်ရရှိခဲ့တာကြောင့် ပွဲစဉ်များပြီးဆုံးရန် (၃) ပွဲအလိုတွင် ဒုတိယနေရာမှ ဝက်စ်ဘရွန်းကို (၃) မှတ်ဖြတ်ထားနိူင်ပြီး တတိယနေရာမှ ဘရန့်ဖိုဒ်အသင်းကို (၆) မှတ်ဖြတ်ထားနိူင်တာကြောင့် လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်ဖို့ နီးစပ်လာတာလည်းဖြစ်ပါတယ်။

Source: Barron’s
လိဒ်စ်အသင်းဟာ (၁၉၉၂) ခုနှစ်တွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့ပြီး ချန်ပီယံရှစ်သို့ (၂၀၀၄) ခုနှစ်တွင် တန်းဆင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် နီးစပ်ခဲ့ပေမယ့် ရှုံးထွက်ပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။
လိဒ်စ်အသင်းဟာ ချန်ပီယံရှစ်တွင် ကျင်လည်နေသည်မှာ (၁၆) နှစ်တိတိရှိသွားပြီဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ် (၃) ပွဲမှာ အနည်းဆုံး (၄) မှတ်ရရုံဖြင့် ပရီးမီးယားလဂ်ကို တစ်ဖန်ပြန်လည် တန်းတက်ခွင့်ရရှိတော့မှာပါ။ လိဒ်စ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ ချန်ပီယံရှစ် (၄၃) ပွဲကစားထားပြီး (၂၅) ပွဲနိူင်၊ (၉) ပွဲသရေ ကစားထားနိူင်ပြီး (၉) ပွဲရှုံးနိမ့်ထားပါတယ်။

Source: Sky Sports
ချန်ပီယံရှစ်အမှတ်ပေးပြိုင်ပွဲတွင် အဆင့် (၁) နှင့် (၂) ရရှိတဲ့ အသင်းတို့က ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် (၃)၊ (၄)၊ (၅)၊ (၆) ရရှိတဲ့အသင်းတွေက ရှုံးထွက်ကစားပြီး ချန်ပီယံဖြစ်သည့်အသင်းက တန်းတက်ခွင့်ရရှိမျာဖြစ်ပါတယ်။
