Xiaomi ကတော့ ဒီရက်ထဲ ပြုလုပ်ခဲ့တဲ့ Event မှာ 15S Pro ၊ Pad 7 Ultra ၊ Watch S4 eSIM စတဲ့ Product အသစ်တွေနဲ့အတူ Leica ကင်မရာတွေရော ၊ Snapdragon 8s Gen 4 Chip ပါ မောင်းနှင်ထားတဲ့ Xiaomi Civi 5 Pro စမတ်ဖုန်းအသစ်ကို တစ်ခါတည်း မိတ်ဆက်သွားပါတယ်။
Xiaomi Civi 5 Pro ကတော့ Mid-Rang ဖုန်း တစ်လုံးပါ။ ၆.၅၆ လက်မ AMOLED မျက်နှာပြင်နဲ့ 1236×2750 Resolution ၊ 120 Hz Refresh Rate ၊ 300 Hz Touch Sampling Rate ၊ 2,560 Hz PWM Dimming နဲ့ 3,200-Nit Peak Brightness ထောက်ပံ့ပေးထားပါတယ်။
Photo : Gizmochina
12/16GB LPDDR5X RAM နဲ့ 256/512GB UFS 4.0 Storage ပါဝင်ပြီး f/1.63 Aperture နဲ့ OIS ပါတဲ့ 50 MP Main ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ နောက်ထပ် f/2.0 60mm ပါတဲ့ 50 MP Telemacro ကင်မရာ ၁ လုံးနဲ့အတူ f/2.2 15mm ရတဲ့ 12 MP Ultrawide ကင်မရာ ၁ လုံးကိုပါ တွဲဖက်တပ်ဆင် ပေးထားပါတယ်။
အရှေ့ဘက်မှာတော့ Autofocus ပါတဲ့ 50 MP f/2.0 ဆယ်လ်ဖီ ကင်မရာကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာစနစ် အားလုံးကိုတော့ Leica နဲ့ တွဲဖက်ပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 67W Wired Charging စနစ်ပါတဲ့ 6,000 mAh ဘက်ထရီကို သုံးပေးထားပြီး အသံပိုင်းဆိုင်ရာပါ X-axis Vibration Motor ပါတဲ့ Dual Speakers ကို ထည့်သွင်းပေးထားပါတယ်။
Photo : GSMArena.com
အရောင်တွေအနေနဲ့ Nebula Purple ၊ Cherry Blossom Pink ၊ Iced Americano ၊ White နဲ့ Black ဆိုပြီး ရွေးချယ်စရာ ၅ မျိုးအထိ ထုတ်ပေးထားပါတယ်။ Civi 5 Pro ရဲ့ 12GB RAM / 256GB Storage ဗားရှင်းကို ယွမ် ၂,၉၉၉ (ဒေါ်လာ ၄၁၆) ၊ 16GB RAM 512GB Storage ဗားရှင်းကိုတော့ ယွမ် ၃,၅၉၉ (ဒေါ်လာ ၄၉၉) သတ်မှတ်ထားပါတယ်။
Source : GSMArena.com
Featured Photo : XiaomiTime