သံပုရာရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးမယ်ဆိုရင် ကျန်းမာရေးဆိုးပြစ်တွေ ရှိနေပါတယ်။

ဒီနေ့မှာ kwee page ကနေ သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်လေးတွေကို ပြောပြပေးသွားမှာပါ။

သံပုရာရည်မှာ စွမ်းအင်ထုတ်လုပ်မှုအတွက် လိုအပ်တဲ့ citric acid ပမာဏအများကြီးပါဝင်နေပါတယ်။ citric acid ဟာ အရေးကြီးတဲ့ အာဟာရဓာတ်တခုတော့ မဟုတ်ပါဘူး။

သံပုရာရည်ရဲ့ကောင်းကျိုးများ

Source: The Epoch Times

ဒါပေမယ့် သံပုရာရည်ကို သောက်ခြင်းအားဖြင့် ရရှိလာတဲ့ citric acid ဟာ ကျန်းမာရေးအတွက် အထောက်အကူပြု ကောင်းကျိုးဖြစ်စေတာတော့ ငြင်းလို့ မရပါဘူး။

သံပုရာရည်သောက်ခြင်းဖြင့် ဆီးထဲမှာရှိတဲ့ citric acid ပမာဏ မြင့်တက်လာကာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ရှိပြီးသား ကျောက်အသေးလေးတွေကိုလည်း ကြေသွားစေနိုင်ပါတယ်။

အခြားသော ချဉ်တဲ့ အသီးတွေနည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ ဗီတာမင်စီ (၁၉) မီလီဂရမ်လောက်ကို သံပုရာသီးတလုံးတည်းကနေ ရရှိနိုင်ပါတယ်။

Source: Healthline

အမျိုးသမီးတွေဟာ တနေ့ကို ဗီတာမင်စီ (၇၅) မီလီဂရမ်လောက် လိုအပ်ပြီး အမျိုးသားတွေကတော့  (၉၀) မီလီဂရမ်လောက် လိုအပ်ပါတယ်။
ခန္ဓာကိုယ်တစ်ရှူးတွေကို free radicals လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေက မဖျက်ဆီးခင် ဗီတာမင် စီ က တားဆီးပေးနိုင်တဲ့အတွက် သူတို့ဟာ အလွန်အရေးပါပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်နေပါတယ်။

ဗီတာမင် စီကို များများစားပေးခြင်းက နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွါးနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ကြွက်သား၊အရွတ်၊အရေပြား နဲ့ ကိုယ်တွင်းအင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက်တစ်ရှူးတမျိုးဖြစ်တဲ့ collagen ဓာတ်ကိုလည်း ဗီတာမင် စီက ပေးစွမ်းနိုင်ပါသေးတယ်။

သံပုရာရည် အလွန်အကျွံသောက်ရင် ရလာမဲ့ဆိုးကျိုးများ

Source: True Skin Care Center

သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။ အက်ဆစ်ဓာတ်များတဲ့အခါမှာ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

ဒါ့အပြင် သံပုရာရည်သောက်ပြီး တနာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာသွားပါလိမ့်မယ်။