Lenovo Brand အောက်က တက်ဘလက် တွေလို့ ပြောလိုက်ရင် အကြမ်းခံတယ် ၊ စွမ်းဆောင်ရည် ကြမ်းတယ် ၊ ဒီဇိုင်းပိုင်း မိမိုက်တယ်ဆိုတဲ့ ချီးမွမ်းစကားတွေနဲ့ Users တွေကြားမှာ နာမည်တစ်ခု အခိုင်အမာ ရထားပြီးသားပါ။ ဒီနှစ် ၂၀၂၅ ထဲမှာ Lenovo တက်ဘလက်တွေ မော်ဒယ်အစုံ ထွက်ရှိထားပြီး ရွေးချယ်စရာလည်း အရမ်းကို များပါတယ်။ ဒီတစ်ခေါက်မှာတော့ Lenovo တက်ဘလက်တွေထဲက အမိုက်ဆုံးနဲ့ ရွေးချယ်ဖို့အသင့်တော်ဆုံး အမျိုးအစား အချို့ကို ရွေးထုတ်ပြောပြ ပေးချင်ပါတယ်။
(၁) Lenovo Yoga Tab Plus

Photo : Laptop Mag
ဒီနှစ် အစပိုင်းမှာ ထုတ်ခဲ့တဲ့ Lenovo Yoga Tab Plus ကတော့ Users တွေ စဉ်းကိုစဉ်းစားသင့်တဲ့ တက်ဘလက် တစ်လုံးပါပဲ။ Display ပိုင်းကြည့်မယ်ဆိုရင် ကြီးမားကျယ်ပြန့်တဲ့ ၁၂.၇ လက်မ 3K 144 Hz မျက်နှာပြင်ပါဝင်သလို ဘက်ထရီကိုလည်း 10,200 mAh သုံးပေးထားလို့ ၁၄ နာရီဝန်းကျင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Lenovo Yoga Tab Plus ရဲ့ ဒီဇိုင်းပိုင်းက တော်တော်လေး ပေါ့ပါးကျစ်လစ်ပြီး Snapdragon 8 Gen 3 Chipset ကိုလည်း အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်း ရှယ်ကြမ်းတဲ့ တက်ဘလက်တစ်လုံး ဖြစ်ပါတယ်။
(၂) Lenovo Legion Tab

Photo : Lenovo
Console-Level Gaming အတွေ့အကြုံကို ခံစားချင်တယ်ဆိုရင်တော့ Lenovo Legion Tab ကိုသာ ရွေးပါ။ 12 GB RAM နဲ့ Snapdragon 8 Gen 3 Chipset ပါလို့ စွမ်းဆောင်ပိုင်းကတော့ ရှယ်ပျံထွက်နေမှာ ဖြစ်ပြီး 6,550 mAh ဘက်ထရီက ၁၅ နာရီဝန်းကျင်အထိ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ ဘက်ထရီရော စွမ်းဆောင်ရည်ပိုင်းပါ အထူးကောင်းမွန်ပြီး အမိုက်စား Gaming အတွေ့အကြုံကို လိုချင်ရင်တော့ Lenovo Legion တက်ဘလက် က စဉ်းစားစရာတစ်ခုပါပဲ။
(၃) Lenovo Tab P12 Pro

Photo : Fortress of Solitude
Lenovo ရဲ့ Premium တက်ဘလက်တွေထဲမှာ အကြမ်းဆုံး တစ်ကောင်လို့ ပြောရမယ့် မော်ဒယ်ကတော့ Tab P12 Pro ပါ။ Lenovo Tab P12 Pro က ၂၀၂၁ ထဲမှာ ထွက်ခဲ့တာဆိုပေမယ့် ဒီနေ့အထိတော့ ကြမ်းနေလန်းနေတုန်းပါပဲ။ 12.6 လက်မ AMOLED မျက်နှာပြင် ၊ Snapdragon 870 5G Chipset နဲ့ 10200 mAh ဘက်ထရီတို့ ပါဝင်ပြီး နာရီပေါင်း ၁၄ နာရီဝန်းကျင် အသုံးပြုလို့ရမှာ ဖြစ်တာကြောင့် ရုံးသုံးကျောင်းသုံး ၊ ပရော်ဖက်ရှင်သုံးတွေအထိ အဆင်ပြေပါတယ်။
(၄) Lenovo Idea Tab Pro

Photo : Croma
Lenovo Idea Tab Pro ကတော့ ဒီနှစ် မတ်လထဲကမှ ထွက်ထားတာပါ။ အသစ်စက်စက် နောက်ဆုံးပေါ် တက်ဘလက် တစ်လုံးဖြစ်သလို 12.7 မျက်နှာပြင် ၊ စွမ်းဆောင်ရည်အကြမ်းဆုံး Dimensity 8300 Chipset ၊ 10200 mAh ဘက်ထရီနဲ့ 256 GB Storage / 8 GB RAM အတွဲအစပ်နဲ့ လာပါတယ်။ တစ်နေ့တာလုံး ဘက်ထရီအတွက် စိတ်ပူစရာမလိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ပေါ့ပါးကျစ်လစ်တဲ့ အမိုက်စား ခပ်ပါးပါး ဒီဇိုင်းနဲ့ ထုတ်ထားပါတယ်။
Source : Analytics Insight
Featured Photo : Laptop Mag
