နာမည်ကြီး Laptop ကုမ္ပဏီ Lenovo ထုတ် Flagship Gaming ဖုန်းသစ် Lenovo Legion Y90 အကြောင်း သတင်းသစ်တွေ ထွက်လာပြီ ဖြစ်ပါတယ်။

တရုတ် Tech Giant ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lenovo ဘက်က တရားဝင်ဒီဇိုင်းနဲ့ ထုတ်ကုန်အချက်အလက် အသေးစိတ်ကြေညာခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဖုန်းအကြောင်း ဦးဦးဖျားဖျား သတင်းပေးကြတဲ့ Tipster တွေကတော့ Lenovo Legion Y90 သစ်ဟာ စမတ်ဖုန်းတွေထဲမှာ ကမ္ဘာ့ပထမဆုံး RAM 22GB/640GB Storage Option နဲ့လာမယ့် ဖုန်းလို့ ပြောနေကြပါတယ်။

Lenovo

Photo: gizmochina

Legion Y90 ဖုန်းမှာ သုံးမယ့် RAM 22GB မှာ Physical RAM ပမာဏ 18GB နဲ့ Virtual Memory 4GB တို့ ပါရှိပြီး Storage Sticks လည်း နှစ်ခု စိုက်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။ Storage Sticks နှစ်ခုဟာ 512GB နဲ့ 128GB စီ ရှိကြပြီး နှစ်ခုပေါင်း 640GB အထိ ပါရှိမယ်လို့ ပြောနေကြပါတယ်။ ဘက်ထရီပါဝါကိုလည်း အကြီးစား 5600mAh အား သုံးထားပြီး 65W Fast Charging Support ပေးလာနိုင်ပါတယ်။

Screen Size ၆.၉၂ လက်ဆိုဒ်ဟာ Samsung ရဲ့ AMOLED Display အမျိုးအစား သုံးထားပြီး 144Hz Refresh Rate ပါရှိမယ်လို့ သတင်းထွက်နေပါတယ်။ အမိုက်စား Gaming Experience ပိုင်းအတွက် Touch Sampling Rate ကို 720Hz အထိ ပံ့ပိုးပေးမယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံးပေါ် Flagship ဖုန်းဖြစ်တဲ့အတိုင်း Qualcomm ရဲ့ Snapdragon 8 Gen 1 SoC နဲ့ လာနိုင်ပါတယ်။

Lenovo Legion Y90

Photo: GSMArena

ကင်မရာပိုင်းမှာ 64MP OmniVision OV64A ပင်မကင်မရာနဲ့ 16MP အရံကင်မရာတို့ ပါပြီး ရှေ့ဘက်မှာ 44MP GH1 ဆယ်လ်ဖီကင်မရာတစ်ခု ပါဝင်မှာပါ။ Gaming အတွက် အထူးထုတ်ထားတဲ့ ဖုန်းဖြစ်တဲ့အတိုင်း Lenovo Legion Y90 မှာ Gaming ပိုင်းအတွက် Special Features တွေ ပါလာဖို့ ရှိပါတယ်။ ဂိမ်းကစားစဉ်မှာ အထိအတွေ့နဲ့ တုန်တာခုန်တာတွေကို တကယ်လိုမျိုး ခံစားမှုရဖို့ Dual X-Axis Motors တွေ တပ်ဆင်ထားပြီး ဖုန်းအပူလွန်ကဲမှု မဖြစ်အောင် Fan နှစ်လုံးတပ် Frost Blade 3.0 အအေးပေးစနစ်တစ်ခုလည်း ထည့်သွင်းလာနိုင်ပါတယ်။

ဖုန်းဘောင်ပေါ်မှာ ဂိမ်းကစားဖို့အတွက် သီးသန်းဂိမ်းခလုတ် ၆ ခု လည်း ပါဝင်လာဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ Lenovo Legion Y90 ထွက်မယ့်ရက် ကြေညာခြင်း မရှိသေးပေမယ့် ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။

Featured Photo: GSMArena