အောင်မြင်ကျော်ကြားသူတွေရဲ့ ဘဝအတွေ့အကြံနဲ့ အကြံပြုချက်တွေဟာ အောင်မြင်ဖို့ ကြိုးစားနေသူတိုင်းအတွက် အကောင်းဆုံးလေ့လာအတုယူစရာ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အောင်မြင်ပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်သူတိုင်းအတွက် ကမ္ဘာပေါ်က အအောင်မြင်ဆုံး ပုဂ္ဂိုလ်တွေရဲ့ အနှစ်သာရရှိသော ဘဝသင်ခန်းစာတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိပ်မက်တွေဆိုတာ ကြီးတယ်မရှိပါဘူး

Shot of a young businessman brainstorming with sticky notes on a glass wall in a modern office

Photo : iStock

သင့်ဘဝမှာဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို ဘယ်တော့မှ ကန့်သတ်မထားပါနဲ့။ အိပ်မက်တွေ ကြီးကြီးမက်နေဖို့ပဲ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနေ့ခေတ်မှာမြင်တွေ့နေရတဲ့ တီထွင်ဆန်းသစ်မှုတွေဟာ တစ်ချိန်က လက်တွေ့မဆန်ဘူး မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတဲ့ အရာတွေပါ။ အိပ်မက်ကြီးကြီးမက်ပြီး မဖြစ်နိုင်ဘူးထင်ခဲ့တဲ့အရာတွေကို ဖြစ်အောင်လုပ်ရဲတဲ့သူတွေသာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိတာဖြစ်ပါတယ်။ သင်ရော ဒီလိုလူတွေထဲကတစ်ယောက် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။

(၂) အောင်မြင်မှုဆိုတာ စိတ်ကလာတာပါ

An African man resting against a fence post

Photo : iStock

“အောင်မြင်မှုဆိုတာ စိတ်ရဲ့အခြေအနေတစ်ခုပါ ၊ အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို အောင်မြင်သူတစ်ယောက်လို့ တွေးလိုက်ပါ ” လို့စိတ်ပညာရှင် Dr. Joyce Brothers ကပြောဖူးပါတယ်။ ဟုတ်ပါတယ် အရာအားလုံးဟာ စိတ်ကနေ အစပြုတာဖြစ်ပြီး စိတ်ရဲ့ စွမ်းအားတွေကနေတဆင့် သင့်ရဲ့ရည်မှန်းချက် ၊ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အကူညီများစွာ ရနိုင်ပါတယ်။

(၃) ပစ္စုပ္ပန်မှာနေထိုင်ပါ

Cropped portrait of a handsome young man enjoying a cup of coffee in the morning

Photo : iStock

ဘဝမှာ အရေးကြီးဆုံးက သင်လက်ရှိရောက်နေတဲ့ ပစ္စုပ္ပန်အခြေအနေကို ကောင်းစွာ အာရုံစိုက်ထားဖို့ပဲ ဖြစ်ပါတယ်။ “ အတိတ်၌မနေ၊ အနာဂတ်ကို မမက်မော၊ ပစ္စုပ္ပန်အခိုက်အတန့်ကိုသာ အာရုံပြုလော့ ” ဟူ၍ ဗုဒ္ဓရဲ့ အဆိုအမိန့်တစ်ခု ရှိခဲ့ပါတယ်။ ကိုယ့်ရဲ့ လက်ရှိ အခိုက်အတန့်မှာသာ နေထိုင်ခြင်းဟာ ဘဝမှာနေပျော်ဖို့အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကို နှိမ့်ချပါ

Stay humble

Photo : iStock

ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းဟာ အောင်မြင်မှုကို တည်တန့်စေခြင်းရဲ့ အဓိက သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အောင်မြင်သူတွေဟာ အောင်မြင်မှုဆိုတဲ့ ဂုဏ်ကို ပွေ့ဖက်ရင်း လမ်းပျောက်သွားတက်ကြတယ် မဟုတ်လား။ တကယ်တော့ အောင်မြင်မှုဆိုတာ ရလိုက်ရုံနဲ့မပြီးပါဘူး။ အောင်မြင်မှုကို တည်တန့်အောင် ထိန်းထားနိုင်ဖို့လည်း အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချခြင်းဟာ အောင်မြင်မှုရဲ့  နှစ်လိုဖွယ်ထောင်ချောက်ကနေ ရုန်းထွက်နိုင်ပြီး အောင်မြင်မှုခရီးကို ဆက်နိုင်ဖို့ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

Featured Photo : iStock