ဧပြီလ (၁၁) ရက်နေ့က ဘိုင်ယန်မြူးနစ်အသင်းသားများ လေ့ကျင်ရေးဆင်းချိန်တွင် လေ့ကျင်ရေးကွင်းအတွင်း အသင်းဖော်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရန်ပွဲမှာ အဓိကပါဝင်ခဲ့တဲ့သူတွေကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့် တောင်ပံကစားသမား ကိုးမန်းတို့ပဲ ဖြစ်ပါတယ်။ ၎င်းတို့ဟာ အသင်းဖော်များနဲ့အတူ လေ့ကျင့်ရေးပြုလုပ်နေစဉ် အပြန်အလှန် စကားများခဲ့ပြီး တစ်ဦးနှင့်တစ်ဦး ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Source : GiveMeSport

လီဝန်ဒေါစကီးနှင့် ကိုးမန်းတို့နှစ်ဦးရဲ့ ရန်ပွဲကို တခြားသော ဘိုင်ယန်မြူးနစ် အသင်းဖော်များကပါ ဝိုင်းဝန်းတားဆီးဖျန်ဖြေခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း နည်းပြနီကို ကိုဗက်ကတော့ လေ့ကျင့်ရေးကွင်းတွင် အသင်းရဲ့ စည်းကမ်းတွေကိုချိုးဖောက်ကာ ခိုက်ရန် ဖြစ်ပွားခဲ့ကြတဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးနှင့် တောင်ပံက စားသမားကိုးမန်း ခေါ်ယူသတိပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နည်းပြနီကိုကိုဗက်အနေနဲ့ လီဝန်ဒေါစကီးနှင့် ကိုးမန်ကို အပြစ်ပေးဒဏ်ရိုက်တာမျိုးတွေတော့ ပြုလုပ်ဖို့ အစီစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

Source : BBC

တိုက်စစ်မှူးလီဝန်ဒေါစကီးနှင့် ကိုးမန်းတို့ကလည်း ၎င်းတို့ပြုမူခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုအတွက် ဘိုင်ယန်မြူးနစ် ပရိသတ်တွေကို တောင်းပန်ခဲ့ကြပြီး အချင်းချင်းလည်း ပြသနာတွေပြန်လည်အောင်ဖြေရှင်းလိုက်ပါပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိမှာ ဘွန်ဒစ်လီဂါပြိုင်ပွဲ ချန်ပီယံဆုအတွက် ဒေါ့မွန်အသင်းနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အခြေအနေမှာ အခုလို အသင်းဖော်ကစားသမားများ အချင်းချင်း စိတ်ဝမ်း ကွဲမှုတွေမဖြစ်ပေါ်သင့်ဘူးလို့ ဘောလုံးဝါသနာရှင်များနဲ့ ကစားသမားဟောင်းများက ဝေဖန်ပြောဆိုနေကြပါတယ်။

Source : Bavarian Football Works