အရင်ခေတ်က လိင်တူချစ်ကြိုက်တယ်ဆိုတာကို သဘောမကျကြပေမယ့် အခုခေတ်မှာတော့ ဒါဟာသဘာဝတရားတခုဆိုတာ တဖြည်းဖြည်းလက်ခံလာကြပါပြီ။ အနုပညာရှင်တွေဆိုတာလဲ သာမာန်လူသားတွေပဲဖြစ်လို့ လိင်တူချစ်ကြိုက်သူတွေပါဝင်နေပါတယ်။ အခုပြောပြပေးမှာကတော့ LGBT အနုပညာရှင်တွေထဲက နာမည်ကြီးအနုပညာရှင်တချို့ကိုပြောပြပေးမှာပါ။ ကိုယ်သဘောကျတဲ့အနုပညာရှင်ပါနေလားဆိုတာ ကြည့်လိုက်ပါဦး။

(၁) ပဲရစ်ဂျက်ဆင်

ပထမဆုံးတယောက်ကတော့ ပေါ့ဘုရင်မိုက်ကယ်ဂျက်ဆင်ရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ပဲရစ်ဂျက်ဆင်ပါ။ သူမဟာ မိန်းကလေးအချင်းချင်းသဘောကျသူဖြစ်ပြီး ဒါကို သူမအသက် ၁၄နှစ်ကတည်းက စသိခဲ့တာလို့ဆိုပါတယ်။ ဖခင်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ကလဲ တခြားမိဘတွေလိုသူမကို တားမြစ်ကန့်ကွက်တာမျိုးမလုပ်ခဲ့ဘူးလို့ဆိုပါ တယ်။ သူမဟာ လိင်တူချစ်သူဖြစ်တယ်ဆိုတာကို သူမကိုယ်တိုင်တရားဝင်လူသိရှင်ကြားပြောပြထားတဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။

(၂) မိုင်လီဆိုင်းရပ်စ်

မိုင်လီဆိုင်းရပ်စ်ကိုတော့ ဒစ်စနေရဲ့ ဟန်နာမွန်တနာဇာတ်ကောင်နဲ့သိကြမှာပါ။ ဒါပေမယ့် သူမက သရုပ်ဆောင်အပြင် ကျားမတန်းတူညီမျှမှုအခွင့်အရေးအတွက်ပြောရေးဆိုခွင့်ရှိသူတယောက်ပါ ဖြစ်လာခဲ့ပါတယ်။ သူမကို သူမ ဝတ်စားဆင်ယင်မှုကိုလဲကျားမခွဲခြားဝတ်ဆင်တာမျိုးမလိုဘူး ကျွန်မအတွက်က အတူတူပဲလို့ ပြောပါတယ်။ ဒါ့အပြင့် Happy Hippie ဖောင်ဒေးရှင်းနဲ့တွဲဖက်ပြီး လိင်ပြောင်းလဲသူများကို ဂုဏ်ပြု တဲ့လှုပ်လျားမှုတွေလဲ လုပ်ခဲ့ပါသေးတယ်။

(၃) ဆွန်ဟေး

ကေပေါ့အဆိုတော် ကိုရီးယားစူပါစတား ဆွန်ဟေးကတော့ ၂၀၁၉ သြဂုတ်လက အင်စတာဂရမ်ပေါ်မှာ ဖန်တွေကို သူမရဲ့ချစ်သူကောင်မလေးနဲ့ နှစ်ယောက်တွဲပုံတင်ပြီး မိတ်ဆက်ပေးလိုက်ပါပြီ။ သူမရဲ့ ဖန်တယောက်က သူမကို လိင်တူချစ်သူလားလို့မေးတဲ့အခါ သူမက “ကျွန်မက လိင်တူချစ်သူလေ ကျွန်မမှာ ကောင်မလေးရှိတယ်’’ လို့ပြန်ပြောခဲ့ပါတယ်။ ဖန်တွေတော်တော်များများက သဘောကျပေမယ့် မုန်းတီးဒေါသထွက်နေတဲ့ ပရိသတ်တချို့ကတိုက်ခိုက်ခဲ့ကြပါတယ်။

(၄) ဖာရ်ဂီ

Black Eye Peas အဖွဲ့အဆိုတော်တယောက်ဖြစ်တဲ့ ဖာဂီက စူပါသရုပ်ဆောင် Josh Duhamel နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပေမယ့် ၂၀၁၉ မှာတော့ ကွာရှင်းခဲ့ပါတယ်။ သူမက သူမဟာအမျိုးသမီးတွေကိုလဲ သဘောကျကြောင်း၊ အမျိုးသမီးတချို့နဲ့လည်း အတူတူနေခဲ့ဖူးလို့ပြောပါတယ်။ ဒါကို ရှက်စရာလို့မထင်ဘူး။ ဒါပေမယ့် ပြဿနာက ကျမကအရည်အချင်းရှိတဲ့ယောက်ျားလေးတွေကိုလဲ စိတ်ဝင်စားတယ်လေလို့ ဆိုပါတယ်။