ဒီနေ့ခေတ် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးဟာ ပိုမိုပွင့်လင်းမြင်သာမှု ရှိလာနေပြီလို့ ပြောရမှာပါပဲ။ လူတစ်ယောက်ရဲ့ အသားအရောင် ၊ လိင်စိတ်တိမ်းညွှတ်မှုတွေထက် အဲ့ဒီလူရဲ့အရည်အချင်း ၊ စိတ်ဓာတ်နဲ့ ခံယူချက်တွေက ပိုပြီး အရေးကြီးတယ်ဆိုတာကို လူတော်တော်များများ လက်ခံနိုင်နေကြပါပြီ။ ကမ္ဘာထိပ်တန်း သရုပ်ဆောင်တွေ ၊ ဒိတ်ဒိတ်ကြဲ ထင်ပေါ်ကျော်ကြားတဲ့ အဆိုတော်တွေထဲမှာလည်း နာမည်ကြီး လိင်တူချစ်သူ အနုပညာရှင်တွေ အများကြီးရှိနေပါတယ်။ ဒီတစ်ခေါက်မှာတော့ လူတွေ သိပ်မသိသေးတဲ့ LGBTQ အသိုင်းအဝိုင်း ထဲက ထင်ရှားကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ လိင်တူချစ်သူ အမျိုးသား အဆိုတော် တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Freddie Mercury

Source : Queen Official

အားလုံးသိကြတဲ့ Queen ရော့ခ်ဂီတအဖွဲ့ရဲ့ Lead Vocalist ဗြိတိန် အဆိုတော် နဲ့ တေးရေးဆရာ Freddie Mercury ကတော့ လိင်တူချစ်သူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ လိင်တူချစ်သူဖြစ်ကြောင်း ဝန်ခံခဲ့ပြီးနောက်ပိုင်းတော့ Jim Hutton နဲ့ လက်ထပ်ခဲ့ပါတယ်။ Freddie ဟာ ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားမှုတွေနဲ့အတူ လိင်တူချစ်သူ အနုပညာရှင်ဘဝကို အပြည့်အဝ ခံစားနေထိုင်သွားခဲ့ပြီး တစ်ခါတစ်ရံမှာ စိတ်မရှည်တတ်သော်ပေမယ့်လည်း လူအများစုကတော့ သူ့ကို ကြင်နာတတ်သူအဖြစ် အသိမှတ်ပြု သတ်မှတ်ထားကြပါတယ်။ Freddie Mercury ရဲ့ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး သီချင်းတွေကတော့ We will rock you ၊ I want to break free ၊ Don’t stop me now နဲ့ Bicycle race တို့ပဲ ဖြစ်ပါတယ်။

(၂) Elton John

Source : Elton John

Elton John ကတော့ ဗြိတိန်လိင်တူချစ်သူ အမျိုးသား အဆိုတော် ဖြစ်ပြီး စန္ဒယားနဲ့ တေးရေးဆရာအဖြစ်လည်း နာမည်ကြီးပါတယ်။ သူရဲ့အမည်ပြောင်ကိုတော့ Rocketman လူသိများပြီး မူရင်းအမည်မှာ Reginald Kenneth Dwight ဖြစ်ပါတယ်။ John ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက စန္ဒယားပညာရှင်အဖြစ် စတင်အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ “Bluesology” လို့နာမည်ပေးထားတဲ့ တီးဝိုင်းအဖွဲ့ကို တည်ထောင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာတော့ သူဟာ Gay ဖြစ်ကြောင်း ဝန်ခံဖွင့်ဟလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ချစ်သူဖြစ်သူ ကနေဒါရုပ်ရှင်ဒါရိုက်တာ David James Furnish နဲ့ လက်ထပ်ခဲ့ပါတယ်။ Cold heart ၊ Don’t go breaking my heart ၊ Crocodile rock ၊ Rocketman နဲ့ After all စတဲ့သီချင်းတွေကတော့ Elton John ရဲ့ ကျော်ကြားတဲ့ ဂီတဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။

(၃) Ricky Martin

Source : Ricky Martin

ကမ္ဘာတစ်ဝှမ်းမှာ အယ်လ်ဘမ်ပေါင်း သန်း ၆၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ အဆိုတော် တေးရေးဆရာ Ricky Martin ကတော့ သူ့ကိုယ်သူ ကံကောင်းတဲ့ လိင်တူချစ်သူတစ်ဦးလို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ ဆယ်စုနှစ် သုံးခုကျော် အောင်မြင်ကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ ဂီတဖျော်ဖြေရေးသမားတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အမြွှာသားလေးတွေရဲ့ တစ်ဦးတည်းဖခင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ Ricky Martin ဟာ Menudo လို့နာမည်ပေးထားတဲ့ Boy Band နဲ့အတူ ရေပန်းစားခဲ့ပြီး တီဗီရှိုးတွေမှာလည်း ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ Ricky Martin ရဲ့အအောင်မြင်ဆုံး သီချင်းတွေကတော့ EL Último ၊ Adiós ၊ Livin La Vida Loca ၊ Maria နဲ့ Claridad တို့ပဲ ဖြစ်ပါတယ်။

(၄) George Michael

Source : George Michael

ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ တစ်ကိုယ်တော် အနုပညာရှင်နဲ့ Wham တီးဝိုင်းအဖွဲ့ရဲ့တွဲဖက်ခေါင်းဆောင် George Michael ကလည်း လိင်တူချစ်သူ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူဟာ ကမ္ဘာတစ်ဝှမ်း စံချိန်ပေါင်း အယ်လ်ဘမ်ပေါင်း ၁၂၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ အရောင်းရဆုံး ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ Billboard ရဲ့ “ ထာဝရ အကျော်ကြားဆုံး အနုပညာရှင် ၁၀၀ ” စာရင်းမှာ အဆင့် ၄၅ နေရာမှာ ပါဝင်လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ သူ့အသက် ၅၃ နှစ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ George Michael ရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတွေကတော့ Careless Whisper ၊ Last Christmas ၊ One more try နဲ့ Wake me up before you Go-Go တို့ပဲ ဖြစ်ပါတယ်။

(၅) Lil Nas X

Source : Lil Nas X

Old town road ၊ Industry baby စတဲ့သီချင်းတွေနဲ့ လူသိများကျော်ကြားတဲ့ အမေရိကန် ရက်ပ်ပါ Lil Nas X ကလည်း လိင်တူချစ်သူ အမျိုးသား အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူဟာ Billboard 100 စာရင်းမှာ ၁၉ ပတ်ကြာ နံပါတ် ၁ နေရာကို သိမ်းပိုက်နိုင်ခဲ့သူဖြစ်သလို Country Music Association Award ကိုရရှိတဲ့ ပထမဆုံးသော လိင်တူချစ်သူ လူမည်းအမျိုးသား အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

LGBTQ အသိုင်းအဝိုင်းထဲမှာ နောက်ထပ်ထင်ရှာကျော်ကြားတဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော် / အနုပညာရှင်တွေ အများကြီး ရှိပါသေးတယ်။ ကွီးတို့အကြိုက်ဆုံး အိုင်ဒေါကရော ဘယ်သူတွေဖြစ်မလဲ ကွန်းမန့်မှာရေးခဲ့ပါဦး။

Featured Photo : This Day In Music