အောင်မြင်မှုက တစ်ချို့သောလူတွေအတွက်ပဲ မဟုတ်ပါဘူး။ အောင်မြင်မှုက သင်နဲ့လည်းသက်ဆိုင်ပါတယ်။ အောင်မြင်ချင်တဲ့ စိတ်ရှိဖို့တော့လိုအပ်တာပေါ့။ အောင်မြင်မှုက သင့်ဆီလာမှာမဟုတ်တာကြောင့် သင်ကအောင်မြင်မူဆကို သွားရပါမယ်။ အရင်ဆုံး ကိုယ့်ရဲ့အတွင်းစိတ်ကို အောင်နိုင်ဖို့လိုအပ်ပါတယ်။ အတွင်းစိတ်ကို အောင်နိုင်ပြီး အောင်မြင်တဲ့လူတစ်ယောက်အတွေးတွေ ဝင်လာမယ်ဆိုရင် အောင်မြင်မှုက အပြင်မှာတကယ်ပဲ ရောက်လာမှာပါ။ ဒီနေ့ဆောင်းပါးမှာတော့ သင့်ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အောင်မြင်မှုသော့ချက်တွေ အကြောင်းပြောပြပေးသွားမှာပါ။

လုပ်ရဲတဲ့ စိတ်ရှိရမယ်

Source: Ha-Le Thai

မဖြစ်နိုင်ဘူးလို့ တွေးထင်ထားတဲ့အရာတွေကို လုပ်ဖို့ကြောက်နေလား။ ဒါဆိုရင်တော့ အောင်မြင်မှုနဲ့အလှမ်းဝေးသွားပါလိမ့်မယ်။ ဘဝမှာ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာကို ကြိုးစားပြီးဖြစ်မြောက်အောင်မြင်အောင် လုပ်ကြည့်ပါ။ ကိုယ်လုပ်နိုင်တဲ့အရာတွေကို ရွေးချယ်ပြီးလုပ်တာက လူညံ့တွေရဲ့အလုပ်ဖြစ်ပါတယ်။ comfort zone ထဲကရုန်းထွက်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုက်ပါ။ စိန်ခေါ်မှုတွေကို အောင်နိုင်လာတဲ့အခါ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပါပြီ။

အမှားလုပ်မိမှာ မကြောက်ပါနဲ့

Source: Web

အောင်မြင်ချင်ရင် ကျရှုံးတက်ဖို့လိုပါတယ်။ ခုအောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ပါ။ ဘယ်သူမှ လက်တဆုပ်စာ ကျရှုံးမှုတွေနဲ့ အောင်မြင်လာတဲ့သူမရှိပါဘူး။ ကျရှုံးမှုဟာ အောင်မြင်မှုရဲ့ ရန်သူမဟုတ်ပါဘူး။ အောင်မြင်မှုလမ်းကြောင်းကို ပြပေးမဲ့ အရာတွေပါ။ အောင်မြင်တဲ့သူတွေက အမှားတွေကနေသင်ယူ ပြီး အောင်မြင်မှုလမ်းကြောင်းကို လျှောက်ခဲ့ကြတဲ့သူတွေပါ။ အမှားလုပ်မိမှာမကြောက်ပါနဲ့။

လိုအင်ဆန္ဒကိုအသုံးချပါ

Source: Building Wisely

အောင်မြင်ဖို့အတွက် အောင်မြင်ချင်တဲ့ စိတ်ဆန္ဒရှိဖို့လိုအပ်ပါတယ်။ အောင်မြင်နေတဲ့လူအများစုက သာမာန်လူတွေထက်မပိုပါဘူး။ သူတို့က သာမာန်လူတွေထက် ပိုပြီးမသန်မာဘူး။ ဉာဏ်ကောင်းတာခြင်းလည်း အတူတူပါပဲ။ မတူတဲ့အချက်က သူတို့မှာ တခြားလူတွေထက်ပိုတဲ့ လိုအင်ဆန္ဒ ရှိကြပါတယ်။

ထူးချွန်နေဖို့ လိုအပ်တယ်

Source: JazzHR

ဘယ်သူမှ ရိုးရှင်းတဲ့ အလုပ်တွေကို လုပ်ပြီးအောင်မြင်သွားတာ မရှိပါဘူး။ အောင်မြင်ဖို့ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ ထူးချွန်နေဖို့လိုအပ်ပါတယ်။

မိမိကိုယ်ကိုယုံကြည်မှု

Source: The Strive

အောင်မြင်မှုဆီကို အရောက်သွားဖို့ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့အရည်အချင်း ကိုသံသယဝင်နေပြီဆိုရင် တခြားလူတွေရဲ့ ယုံကြည်မှုရဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှု မရှိဘူးဆိုရင်တော့ အောင်မြင်မှုနဲ့ အလှမ်းဝေးသွားပါလိမ့်မယ်။ ကိုယ်နဲ့ လက်တကမ်းအကွာမှာ ရှိတဲ့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။