Gym ကစားတယ်ဆိုတာ ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင် ကိုယ်ရည်ကိုယ်သွေးပါ ဖွံ့ဖြိုးစေနိုင်ပါတယ်။ အားကစားလုပ်တယ်ဆိုတာ တကယ်တော့ စည်းတွေကမ်းတွေက အများသား ။ နည်းမှန်လမ်းမှန် ကျအောင်လည်း လုပ်ရတာတွေကလည်း ရှိတော့ Gym ကစားတာဟာ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကောင်းအောင် ပုံသွင်းနိုင်ပြီး ပင်ကိုယ် ထိန်းချုပ်နိုင်စွမ်းလည်း မြင့်မားလာစေမှာပါ။

Gym သွားပြီး အားကစားလုပ်တာကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့အပြင် စိတ်ဓါတ်ကြံ့ခိုင်မှုလည်း ဖြစ်စေပါတယ်။ ဒီထက်ပို ပြောရရင် Gym ကစားတယ်ဆိုတာ ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေပါ သင်ယူနေတာပါပဲ။ Gym သွားပြီး အားကစားလုပ်တဲ့လူတွေမှာ အခုပြောမယ့် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့သင်ခန်းစာတွေပါ လေ့ကျင့်သင်ကြားခွင့် ကြုံပါလိမ့်မယ်။

(၁) မတွန့်ဆုတ်နဲ့ ၊ လုပ်ချလိုက်

man pushing up his body

Photo: Unsplash

အားကစားလုပ်တယ်ဆိုတာ သင့်ရဲ့ ကန့်သတ်ထားတဲ့ ယုံကြည်မှုဘောင်တွေကို ချိုးဖောက်ကြည့်တာပါ။ အရင်က ကိုယ့်ကိုယ်ကိုယ် မယုံနိုင် ဖြစ်ခဲ့တဲ့ လုပ်ရပ်တွေကို Gym မှာ လုပ်ရပါလိမ့်မယ်။ သင်မ, နိုင်မှာ မဟုတ်ပါဘူးလို့ ထင်တဲ့ အလေးတုံးကို တစ်နေ့ထက်တစ်နေ့ ရှေ့ဆက်ပြီး မ,လာရပါမယ်။ သင်မလုပ်နိုင်ဘူးလို့ ထင်နေခဲ့တဲ့ မိုင်နဲ့ချီ ပြေးတာတွေ ၊ မရနိုင်ဘူးထင်တဲ့ ကိုယ်ခန္ဓာပုံစံတွေ ရနိုင်လာပါလိမ့်မယ်။ ဒါတွေအားလုံးရဲ့ အစဟာ လုပ်ကြည့်လိုက် (Just Do It) ဆိုတဲ့ သင်ခန်းစာက စတင်ခဲ့တာပါ။

(၂) ရှုံးနိမ့်မှုဆိုတာ မရှိဘူး သင်ခန်းစာပဲ ရှိတယ်

man preparing to lift weight

Photo: Unsplash

Gym မှာ သင်ခဏခဏ မလုပ်နိုင်ခဲ့တဲ့အရာတွေ ကြုံရပါလိမ့်မယ်။ Flat ပြသွားတဲ့ နေ့တွေ ၊ ကိုယ်ထင်သလောက် Weight Lift မလုပ်နိုင်ခဲ့တာတွေ ရှိပါမယ်။ ကစားနည်းပုံစံ မကျတာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်မှန်းထားသလို မဖြစ်တဲ့အရာတွေနဲ့ ကြုံတဲ့အခါ ဒီအရာတွေဆီကနေ ဘယ်လို သင်ခန်းစာရသလဲဆိုတာကိုပဲ ပြန်ကြည့်ရပါတယ်။ ဒါကို Gym မှာ အားကစားလုပ်သူတွေ ရင်ထဲ အသည်းထဲကနေ သိသွားကြပါတယ်။ ဒီသင်ခန်းစာမျိုးဟာ ခက်ခဲလှတဲ့ဘဝပုစ္ဆာတွေကို ရင်ဆိုင်ရာမှာ သိပ်ကို ထိရောက်မှုရှိတဲ့ သင်ခန်းစာပါပဲ။

(၃) ဘဝမှာ သေးသေးလေးတွေကနေ အကြီးကြီးဖြစ်နိုင်တယ်

workout with rope

Photo: Unsplash

သေးငယ်လှတဲ့ လှိုင်းကြက်ခွပ်လေးတွေဟာ ပင်လယ်ပြင်ကနေ ဗဟိုပြုခဲ့ပြီး ကမ်းခြေမှာ လှိုင်းလုံးကြီးတွေအဖြစ် ရောက်ရှိလာတာကို တွေ့ဖူးမှာပါ။ ဒီလိုပါပဲ။ Gym ကို စပြီး ရောက်လာစဉ်က ခပ်ညှက်ညှက်ကောင်လေးတစ်ယောက်ဟာ နေ့တိုင်း နည်းစနစ်တကျ ဇွဲသန်သန် ကြိုးစားပြီး Gym ကစားရာကနေ ၆ လ တစ်နှစ်အတွင်းမှာ တကယ့်ကို မားမားဖွံ့ဖွံ့နဲ့ ကြွက်သားကျစ်လျစ်ပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ယောင်္ကျားကြီးတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ ဘဝမှာ သေးဖွဲပါတယ်ဆိုတဲ့ အရာတွေတောင် ဆက်တိုက် ကြိုးစားပြီး ပေါင်းစည်းအားထုတ်မှုတွေလုပ်ရင် အကြီးကြီးဖြစ်လာမယ်ဆိုတဲ့ အသိဟာ အလွန်ပဲ အဓိပ္ပါယ်ရှိတဲ့ သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

(၄) စီစဉ်ဖို့ မလုပ်ဖြစ်ရင် ရှုံးဖို့အတွက် ပြင်ဆင်နေတာပဲ

man weight lifting

Photo: Unsplash

Planning က အရေးကြီးပါတယ်။ အစီအစဉ်မရှိတာက နေ့စဉ်ဘဝမှာရော ၊ လုပ်ငန်းခွင် နဲ့ ကြီးပွားရေးလမ်းစတွေမှာပါ ပျက်စီးယိမ်းယိုင်စေလို့ပါပဲ။ ဒါကြောင့်ပဲ အင်္ဂလိပ်တွေက Fail To Plan ဖြစ်ရင် Plan To Fail မယ်ဆိုပြီး ဆိုစမှတ်ထားခဲ့တာ ဖြစ်ပါတယ်။ Gym ကစားရာမှာလည်း ဘာအတွက် ကစားမယ် ၊ ဘယ်လိုကစားမယ် ၊ ဘယ်လောက် အချိန်ပေးမယ် ၊ ဘယ်လိုအစားအသောက်တွေ စားပြီး ဘာတွေ ရှောင်ကြဉ်မှုလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ မလုပ်ဖြစ်ရင် ပင်ပန်းရုံပဲ ရှိမယ်။ တိုးတက်တော့ လာမှာမဟုတ်ပါဘူး။

Gym ကစားပြီး ကိုယ်လိုချင်တဲ့ ဘော်ဒီရဖို့ဆို Planning ကောင်းကောင်းလိုပါတယ်။ ဒီ Plan အတိုင်း တစိုက်မတ်မတ် ကြိုးစားသွားမှ အောင်မြင်မှုရမယ်ဆိုတဲ့ အသိဟာ Gym ကစားရင် ပိုသိလာပါလိမ့်မယ်။ Plan ရှိရှိ အားကစားလုပ်ရင် ကိုယ်လိုချင်တဲ့ ကိုယ်လုံးကိုယ်ပေါက် ရသလိုပါပဲ။ ဘာပဲလုပ်လုပ် Plan ကောင်းကောင်းရှိရင် မအောင်မြင်တောင် အရှုံးကို ကာမိပါလိမ့်မယ်။

Featured Photo: maverickupgrade