လေ့လာမှုတွေအရ ကျွန်တော်တို့ဟာ သမိုင်းတစ်လျှောက် အငြိမ်ချမ်းဆုံးသော ပတ်ဝန်းကျင်မှာနေထိုင်နေရတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးက မနေတက်သူတွေအတွက် အန္တရာယ်များတဲ့နေရာတစ်ခုဖြစ်နေပါသေးတယ်။
ဒီနေ့ kwee page ကပရိသတ်တွေသိထားသင့်တဲ့ထင်တဲ့ တစ်ချိန်မှာ သင့်အသက်ကို ကယ်ကောင်းကယ်နိုင်မယ့် အကြောင်းအရာတစ်ချို့ကို ပြောပြပေးသွားမှာပါ။
သော့ ၊ ပိုက်ဆံ နဲ့ အားပြည့်နေတဲ့ ဖုန်း

သော့၊ ပိုက်ဆံ နဲ့ အားပြည့်နေတဲ့ ဖုန်း ဒါတွေက အပြင်ထွက်ပြီဆိုရင် မဖြစ်မနေ ယူဆောင်သွားသင့်တဲ့ အရာတွေပဲဖြစ်ပါတယ်။ ဘာလို့အရေးကြီးတာလဲဆိုတော့ အပြင်ရောက်သွားပြီး အိမ်ပြန်ဖို့အတွက် ပိုက်ဆံလိုအပ်ပါတယ်။ ပြီးတော့ တခုခုအရေးပေါ်ဖြစ်လာရင် အကူအညီခေါ်ဖို့အတွက် ဖုန်းကိုလိုအပ်ပါတယ်။ ဖုန်းတစ်ချက်ခေါ်လိုက်ရုံနဲ့ တစ်ခြားလူရဲ့ အသက်တစ်ချောင်းကိုလည်း ကယ်ကောင်းကယ်နိူင်ပါတယ်။ ဒါကြောင့် အပြင်မသွားခင် ဖုန်းကိုအမြဲတမ်း အားသွင်းထားဖို့လိုအပ်ပါတယ်။
တစ်ယောက်ယောက်ကို မတော်တဆတိုက်မိရင် တောင်းပန်ပါ

လမ်းသွားရင်းနဲ့ တစ်စုံတစ်ယောက်ကို တိုက်မိသွားရင် “တောင်းပန်ပါတယ်။ မတော်လို့ပါ။” ဆိုတဲ့ စကားကို အရင်ဦးဆုံး ပြောပါ။ ကိုယ့်ဖက်က မမှားဘူးဆိုရင်တောင် တောင်းပန်လိုက်ပါ။
ဘာလို့လဲဆိုတော့ ကိုယ်နဲ့ တိုက်မိတဲ့လူဟာ ဘယ်လိုလူမျိုးလဲဆိုတာ ချက်ခြင်းမသိနိုင်ပါဘူး။ ကိုယ်တိုက်မိတဲ့ လူဟာ လက်နက်တစ်စုံတစ်ရာ ကိုင်ထားသူဖြစ်နိူင်သလို မူးယစ်နေတဲ့လူလည်းဖြစ်နိုင်ပါတယ်။ လူမိုက်လည်း ဖြစ်နိုင်တာကြောင့် ရန်လိုတဲ့ အပြုအမူမျိုး အကြည့်မျိုးနဲ့ သွားပြီး မတုံ့ပြန်လိုက်ပါနဲ့။ တောင်းပန်ပါတယ် ဆိုတဲ့စကားတခုက ဘာမှအပန်းမကြီးပါဘူး။
အနည်းဆုံး အရေးပေါ်ထွက်ပေါက် (၃) ခုအထိရှာထားပါ

စူပါမားကပ်၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ ဘယ်ကိုပဲသွားသွား အနည်းဆုံး အရေးပေါ်ထွက်ပေါက် (၃) ခုအထိရှာထားပါ။ ရှာရတာ လွယ်ကူနိုင်သလို ခက်လည်းခက်နိုင်ပါတယ်။ ဒါပေမယ့် ထွက်ပေါက်တွေရအောင်ရှာထားပါ။
ဘာလိုအရေးကြီးတာလဲဆိုတော့ တခုခုဆိုးဆိုးရွားရွား ဖြစ်ခဲ့မယ်ဆိုရင် ဖြစ်တဲ့အချိန်ကျမှ ထွက်ပေါက်ရှာဖို့ အဆင်မပြေနိုင်ပါဘူး။ ဘာမှမဖြစ်ခင် အရင်ထွက်ပေါက်တွေကို ကြိုရှာပြီးမှတ်သားထားခြင်းက တခုခုဖြစ်လာရင် အလွယ်တကူပဲ ထွက်ပြေးလွတ်မြောက်နိုင်ပါလိမ့်မယ်။
လေယာဉ် အရေးပေါ်ထွက်ပေါက် ရောက်ဖို့ ခုံဘယ်နှစ်လုံး ကွာလဲဆိုတာ ရေတွက်ထားပါ

လေယာဉ်ပေါ်ရောက်တာနဲ့ မိမိထိုင်နေတဲ့နေရာနှင့် အနီးဆုံး အရေးပေါ်ထွက်ပေါက်ကြားမှာ ခုံဘယ်နှစ်လုံး ရှိလဲဆိုတာကို ရေတွက်ထားပါ။
ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ပေါ်မှာ မီးခိုးတွေ ထွက်လာခဲ့ရင် အရေးပေါ်ထွက်ပေါက်ကို ညွှန်ပြတဲ့အလင်းတန်းကို မြင်ရဖို့ခက်ခဲပါတယ်။ အကယ်၍ ကိုယ်က အရေးပေါ်ထွက်ပေါက်ရောက်ဖို့ ခုံတန်းဘယ်လောက်ထိ ရှိလဲဆိုတာ ရေတွက်ထားရင် အလွယ်တကူပဲ ထွက်ပေါက်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။
ရေထဲပြုတ်ကျတဲ့ ကားထဲကနေလွတ်မြောက်ခြင်း

ရေထဲပြုတ်ကျတဲ့ ကားထဲကနေလွတ်မြောက်နိုင်ဖို့အတွက် ပထမဆုံး ထိုင်ခုံခါးပက်ကို ဖြုတ်ဖို့လိုအပ်ပါမယ်။ လူတော်တော်များများဟာ ကားရေထဲကျပြီဆိုရင် ကားတံခါးကို ချက်ခြင်းဖွင့်ပြီး လွတ်မြောက်ဖို့ မျှော်လင့်တက်ကြပါတယ်။ ကားတံခါးကို မဖွင့်ပါနဲ့။ အဲ့ဒီလိုလုပ်မယ့်အစား ကားမှန်ကို ခွဲဖို့ကြိုးစားပါ။
ဘာလို့လဲဆိုတော့ ရေထဲနစ်တော့မယ့် ကားထဲကနေထွက်ဖို့အတွက် အချိန်တစ်မိနစ်ပဲရပါတယ်။ ရေဖိအားကြောင့် ကားမှန်တံခါးကို ဖွင့်ဖို့ကြိုးစားနေတာက အချိန်ပိုကုန်ပါတယ်။ ဒါ့ကြောင့် ကားမှန်တံခါးကို မာတဲ့အရာတခုခု (ဥပမာ ဖြုတ်လို့ရတဲ့ ကားထိုင်ခုံခေါင်းမှီ) နဲ့ ရိုက်ခွဲဖို့ကြိုးစားပါ။
Source: Bright Side
