တစ်ချို့လူတွေမှာ ခေါင်းမကြာခဏ ကိုက်တဲ့ဝေဒနာတွေ ခံစားနေရတက်ပါတယ်။ ဒါဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါရှိတာကြောင့်လည်းဖြစ်နိုင်သလို နေပူထဲမှာ တစ်နေကုန် အလုပ်လုပ်ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ စားသောက်နေထိုင်မှုပုံစံကြောင့် ပဲဖြစ်ပါတယ်။ ဒီနေ့ kwee page က ခေါင်းကိုက်ဝေဒနာကို ပိုမိုဆိုးရွားစေသောအရာတွေအကြောင်း ပြောပြပေးသွားမှာပါ။

အိပ်ရေးဝဝမအိပ်ခြင်း

Source: Healthline

အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းမကြည်တာ ခေါင်းကိုက်တာတွေ ဖြစ်တက်ပါတယ်။ ဦးနှောက်ဆိုတာ တစ်နေ့လုံး အလုပ်လုပ်နေရတဲ့အတွက် အိပ်နေတဲ့ အချိန်လေးမှာတော့ အနားယူရပါမယ်။ ဒါကို မအိပ်ဘဲ ညဉ့်နက်အောင်နေလိုက်တဲ့အခါကျရင် ဦးနှောက်အနားမရဘဲ ပိုပင်ပန်းသွားလို့ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။

စိတ်ဖိစီးမှု

Source: Premier Chiropractic

စိတ်ဖိစီးမှုတွေကြောင့်လည်း ခေါင်းကိုက်ဝေဒနာကို ပိုမိုဆိုးရွားစေပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုက တခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုလောက် ကိုယ်ခန္ဓာကို နှိပ်စက်ပြီး ရောဂါဝေဒနာတွေ ခံစားစေရတဲ့ အရာတွေ မရှိပါဘူး။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို အတက်နိုင်ဆုံး လျှေ့ာချဖို့ အရေးကြီးပါတယ်။

အချိုမှုန့်

Source: intergrative health matters

အချိုမှုန့်၊ အသားမှုန့်တွေဆိုတာ ကျန်းမာရေးအတွက် လုံးဝကိုအကျိုးမပြုတဲ့ အရာတွေပါ။ အချိုမှုန့် များများစားလိုက်မိရင် ရေအရမ်းငတ်တာ၊ ခေါင်းတွေကိုက်တာ၊ ချွေးစေးတွေ ထွက်တာမျိုးတွေ ဖြစ်တက်ပါတယ်။ ဒါတွေကို ဖြစ်စေတဲ့ တရားခံက အချိုမှုန့်မှာပါတဲ့ Monosodium glutamate (MSG) ပါ။

တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ

Source: Fit Foodies Mantra

တာရှည်ခံ အစားအသောက်တွေမှာပါတဲ့  Nitrates and nitrites (ယမ်းစိမ်း) တို့ဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ကြောက်ရင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးတွေ လျှော့စားသင့်ပါတယ်။

ကဖိန်းဓာတ်

Source: Harvard-Health-Harvard-University

ကော်ဖီ၊ ချောကလက်နဲ့ လက်ဖက်ရည်တို့သောက်လိုက်ရင် ခေါင်းကြည်သွားတက်ပါတယ်။။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုတဲ့စကားအတိုင်း အများကြီးသောက်မိတဲ့အခါကျ ခေါင်းမကြည်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုပါ ဖြစ်စေဦးမှာပါ။ ဒါကြောင့် တစ်နေ့ကို အများဆုံး ကော်ဖီ (၃) ခွက်ထက် ပိုပြီးမသောက်ဖို့ အကြံပေးချင်ပါတယ်။ ပြီးတော့ ညဖက် အိပ်ပျော်ဖို့ မလွယ်တဲ့လူတွေအနေနဲ့ ညနေ (၃) နာရီကျော်တာနဲ့ ကော်ဖီမသောက်သင့်တော့ပါဘူး။