အတက်အကျတွေနဲ့ အကွေ့အကောက်တွေ သိပ်များလှတဲ့ ဘဝမှာ ကိုယ့်ကိုယ်ကို ဗားရှင်းမြှင့်မထားရင် လောကဓံလှိုင်းတွေအကြား ကျရှုံးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ ဘဝမှာ ဘယ်လိုနေထိုင်သင့်သလဲဆိုတဲ့ Lifestyle အကြံပြုချက်တွေ လိုက်နာသင့်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို အားကိုးတဲ့အလေ့အကျင့်လုပ်ပါ

Photo: Freepik

တစ်ခြားသူရဲ့ အကူအညီကို မယူမဖြစ်မှ ယူပါ။ ကိုယ့်ကိုယ်ကို အားကိုးလေလေ ကိုယ့်ကိုယ့်ကို ပိုယုံကြည်မှု ရှိပြီး ကိုယ့်ကိုယ်ကို ပိုလေးစားတဲ့စိတ် ထက်သန်လာမှာပါ။ ပိုပြီး စိတ်ဓါတ်ကြံ့ခိုင်သူ ဖြစ်ချင်ရင် တစ်ယောက်တည်း ရင်ဆိုင်တတ်ဖို့ လေ့ကျင့်သင့်ပါတယ်။

(၂) အောင်မြင်သူတွေနဲ့ ပေါင်းသင်းပါ

Photo: Freepik

ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့သူ ဖြစ်ဖို့အတွက် ကိုယ်ပေါင်းတဲ့သူတွေကို သတိထား ရွေးချယ်သင့်ပါတယ်။ ကိုယ်နေ့တိုင်း ပေါင်းသင်းနေတဲ့သူတွေက ကိုယ့်ရဲ့ အနာဂါတ်နဲ့ လက်ရှိဘဝပေါ် ဩဇာလွှမ်းမိုးနိုင်လို့ ဖြစ်ပါတယ်။ အဆိုးမြင်တတ်သူနဲ့ အနေကြာလာရင် ကိုယ်ကိုယ်တိုင်ရဲ့ ဘဝရည်မှန်းချက်တွေနဲ့ ဘဝအမြင်တွေလည်း အကျဘက်ကို ရောက်သွားနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

(၃) စဉ်ဆက်မပြတ်လေ့လာနေပါ

Photo: Freepik

ပညာရေးကို စာသင်ခန်းမှာ စတင်ပြီး စာသင်ခန်းထဲမှာပဲ ဆုံးသွားတာမျိုး မဖြစ်ပါစေနဲ့။ အသစ်အသစ်တွေ ဆက်လက်လေ့လာဖို့ စိတ်အားထက်သန်မှုနဲ့ လုပ်ရဲကိုင်ရဲတဲ့ သတ္တိမပျောက်သေးသမျှ တိုးတက်တဲ့သူ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ဘဝလုံးမှာ ကိုယ်နဲ့ ကြုံတွေ့ရတဲ့သူတွေ ၊ ကိုယ်သိသင့်တဲ့အရာတွေနဲ့ ကိုယ်ကြုံခဲ့တဲ့ ဖြစ်ရပ်တွေကနေ ဆက်လက်သင်ယူနေဖို့ လိုပါတယ်။

(၄) ငွေကို အမြော်အမြင်ရှိရှိ သုံးပါ

Photo: Pixabay

ပိုက်ဆံကို နည်းနည်းလေးပဲဖြစ်ဖြစ် အကျိုးမဲ့ ဖြုန်းတီးပစ်တာမျိုး မလုပ်ပါနဲ့။ ငွေကို အနာဂါတ်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ အတိုင်းအတာတစ်ခုထားပြီး စုဆောင်းသိုမှီးတာမျိုး လုပ်သင့်ပါတယ်။ ဒါမှသာ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်ဘဝလေးတစ်ခုကို ပုံဖော်ရာမှာ တစ်ခြားသူတွေအောက် မျက်နှာအောက်ကျို့စရာ မလိုတော့မှာ ဖြစ်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို ဘယ်လိုအ‌ရောင်းမြှင့်တင်ရမလဲ သိပါစေ

Photo: Freepik

ကိုယ့်ရဲ့အကောင်းဆုံး Quality ကို အသုံးပြုပြီး ကိုယ်လိုချင်တဲ့ အမြင့်တစ်နေရာကို ရောက်အောင်သွားနိုင်ခြင်းကလည်း ထူးခြားတဲ့ အရည်အသွေး ဖြစ်ပါတယ်။ ဒီအရည်အသွေးရဖို့အတွက် ကိုယ့်မှာ ကျား/မ ၊ ကြီး/ငယ် ၊ နိမ့်/မြင့် မရွေး လူပေါင်းစုံနဲ့ အဆင်ပြေပြေ ဆက်ဆံတတ်ဖို့ လိုပါတယ်။ လူပေါင်းဆံ့ခြင်း ၊ ပေါင်းတတ်သင်းတတ်ခြင်းဟာ ဘဝကို အကြီးအကျယ်ပြောင်းလဲစေမှာပါ။