ပြင်သစ်လီဂူး ပြိုင်ပွဲတွေကို အစက ဇွန်လတွင် ပြန်လည်စတင်ဖို့ စီစဉ်ထားပေမယ့် ယခု စက်တင်ဘာလအထိ ပြိုင်ပွဲတွေကို ကျင်းပတော့မည် မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
“အားကစားပြိုင်ပွဲတွေကို စက်တင်ဘာလ မတိုင်ခင်အထိ ကျင်းပနိူင်တော့မှာမဟုတ်ပါဘူး။ (၂၀၁၉-၂၀၂၀) ဘောလုံရာသီဟာလည်း ပြန်လာနိူင်တော့မှာမဟုတ်ပါဘူး” လို့အင်္ဂါနေ့က ပြင်သစ် ဝန်ကြီး Edouard Philippe ကြေညာသွားခဲ့တာပါ။ ဒီကြေညာချက်နဲ့အတူ (၂၀၁၉-၂၀၂၀) ပြင်သစ်လီဂူး ဟာပြိုင်ပွဲပြီးဆုံးတဲ့အထိ ကျင်းပနိူင်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီလို့ ဆိုရမှာပါ။
Source: 7News.com
ဘောလုံးပြိုင်ပွဲတွေကို ဇွန်လ (၁၇) ရက်နေ့မှာ ပြန်လည်စတင်ဖို့ ပြင်သစ် ပရော်ဖက်ရှင်ယ် လိဂ် (LFP) ကကြေညာထားပေမယ့် အခုအချိန်မှာတော့ ဖြစ်နိူင်ဖွယ်အခြေအနေမရှိတော့ပါဘူး။
ပြင်သစ်ဘောလုံး တာဝန်ရှိသူတွေကတွေဟာ ဘယ်အသင်းက ချန်ပီယံဖြစ်မယ် ဘယ်အသင်းက တန်းဆင်းပြီးတန်းတတ်မလဲဆိုတာကို လာမယ့် မေလထဲမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
Source: Yahoo Money
ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ PSG အသင်းဟာ ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပြီး (၃) ရာသီဆက်တိုက် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးရှိနေပါတယ်။ PSG ဟာ ဒုတိယ နေရာမှ Marseille အသင်းနဲ့ (၁၂) အကွာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
Marseille နဲ့ Rennes အသင်းတို့ဟာ လက်ရှိဇယားအရ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပြီး Lille အသင်းကတော့ ယူရိုပါလိဂ် ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။
Source: Businessday.ng
တန်းဆင်းရမည့် အသင်းတွေနဲ့ တန်းတတ်ခွင့် ရမည့် အသင်းတွေမှာ အမှတ်ကွာဟမူ ကျဉ်းမြောင်းလျက်ရှိတာကြောင့် ယခု ဇယားအတိုင်းသာ တန်းတတ်တန်းဆင်း သက်မှတ်ပါက အသင်းတွေကြားမှာ အငြင်းပွားမူတွေ ရှိလာနိူင်ဖွယ်ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် (၂၀၁၉-၂၀၂၀) ပြင်သစ် လီဂူးပြိုင်ပွဲဟာ ပြိုင်ပွဲတွေပြီးဆုံးတဲ့အထိ ကျင်းပနိူင်ခြင်းမရှိဘဲ ရပ်နားလိုက်ရပြီဖြစ်ပါတယ်။