Lil Nas X လို့ပြောလိုက်တာနဲ့ ၂၀၁၉ လောက်က အရမ်းကို ဟော့ဖြစ်ခဲ့တဲ့ Old Town Road သီချင်းကို ပရိသတ်တွေ အားလုံး အမှတ်ရကြမယ် ထင်ပါတယ်။ ဒီသီချင်းဟာ Billboard 100 ရဲ့ နံပါတ် ၁ နေရာမှာ ၁၇ ပတ်ကြာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာတဝှမ်း လူကြိုက်အများဆုံး သီချင်းတစ်ပုဒ်အဖြစ် စံချိန်ချိုးခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ဖွား အသက် ၂၂ နှစ်သာရှိသေးတဲ့ အမေရိကန် ရက်ပ်ပါ Lil Nas X ဟာ Gay တစ်ယောက်အဖြစ်လည်း လူသိရှင်ကြား ဝန်ခံထားသူဖြစ်ပြီး အမြဲတမ်း အမိုက်စား ဖက်ရှင်တွေ ၊ ထူးထူးခြားခြား Music Video တွေနဲ့ ပရိသတ်တွေကြား လူသိများထင်ရှားတဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။
ဂရမ်မီဆု ၂ ဆု ၊ Billboard Music Awards ၄ ဆု အပါအဝင် ဂီတဆုတံဆိပ်ပေါင်းများစွာ ရရှိထားပြီး ၂၀၂၁ ခုနှစ်မှာ Montero လို့အမည်ရတဲ့ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် စတူဒီယိုအယ်လ်ဘမ် နဲ့အတူ အောင်မြင်မှုများစွာ ထပ်မံသိမ်းပိုက်ထား နိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူတွေအတွက် Lil Nas X ရဲ့ သီချင်းကောင်းများစွာထဲကမှ လူကြိုက်အများဆုံး သီချင်းတွေကို ရွေးချယ်တင်ဆက်ပေး လိုက်ပါတယ်။
(၁) MONTERO (Call Me By Your Name)
MONTERO (Call Me By Your Name) သီချင်းကတော့ Montero အယ်လ်ဘမ်ရဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံး သီချင်းတစ်ပုဒ်ဖြစ်ပြီး အကြမ်းစား သီချင်းစာသားတွေနဲ့အတူ တော်တော်လေး ဟော့ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
Source : Lil Nas X
(၂) INDUSTRY BABY (feat. Jack Harlow)
Source : Lil Nas X
ဒီသီချင်းလေးကတော့ အမေရိကန် ရက်ပ်ပါ Jack Harlow နဲ့ အတူတွဲသီဆိုထားပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ပထမပတ်မှာ Billboard 100 ရဲ့ နံပါတ် ၂ နေရာကို ချိတ်ခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။
(၃) SUN GOES DOWN
Source : Lil Nas X
ဒီသီချင်းကလည်း Montero အယ်လ်ဘမ်မှာ ပါဝင်လာတဲ့ ဒုတိယမြောက် သီချင်းတစ်ပုဒ် ဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေးကို လူကြိုက်များတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၄) THAT’S WHAT I WANT
Source : Lil Nas X
ဒီသီချင်းလေးကတော့ လိင်တူချစ်သူတစ်ယောက်ရဲ့ အသည်းကွဲ ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၅) TALES OF DOMINICA
Source : Lil Nas X
TALES OF DOMINICA သီချင်းက Montero အယ်လ်ဘမ်မှာ ပါဝင်လာတဲ့ ၁၀ ပုဒ်မြောက် သီချင်း ဖြစ်ပါတယ်။ ဒီသီချင်းမှာ အဆင်မပြေတဲ့ မိသားစု ဆက်ဆံရေးတွေ ၊ ဘဝရဲ့ စိတ်ဓာတ်ကျတဲ့ အခိုက်အတန့်တွေနဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ ခံစားရတဲ့ ခံစားချက်တွေကို ထည့် သွင်းရေးသား သီဆိုထားပါတယ်။
(၆) SCOOP (feat. Doja Cat)
Source : Lil Nas X
ဒီသီချင်းကတော့ Montero အယ်လ်ဘမ် မှာပါဝင်လာတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး Doja Cat က Featuring အနေနဲ့ ပါဝင်သီဆိုပေးထားပါတယ်။
(၇) Old Town Road (feat. Billy Ray Cyrus)
Source : Lil Nas X
Old Town Road ကတော့ ဒီနေ့အထိ လူကြိုက်များနေဆဲ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး Versions ဘယ်နှစ်မျိုးနဲ့ ထွက်ထွက် နားထောင်သူ သန်းနဲ့ ချီပြီး အောင်မြင်မှုရထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၈) Rodeo (feat. Cardi B)
Source : Lil Nas X
Rodeo သီချင်းကတော့ ၂၀၁၉ မှာ ထွက်ခဲ့ပြီး 7 EP အယ်လ်ဘမ်မှာပါဝင်ခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။ နာမည်ကြီး အမျိုးသမီးရက်ပ်ပါ Cardi B က Featuring အနေနဲ့ ပါဝင်ထားပြီး သီချင်းဝေဖန်ရေးသမားတွေ ချီးကျူးထားတဲ့ Lil Nas X ရဲ့ သီချင်း ကောင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။
(၉) HOLIDAY
Source : Lil Nas X
ဒီသီချင်းကတော့ ၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့ပြီး EP 7 နဲ့ Montero အယ်လ်ဘမ် မတိုင်ခင် စပ်ကြားမှာ ထုတ်ဝေခဲ့တဲ့ ခရစ္စမတ် Single သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။
(၁၀) Panini
Source : Lil Nas X
ဒီသီချင်းကတော့ Lil Nas X ရဲ့ ပထမဆုံး ပွဲဦးထွက် EP အယ်လ်ဘမ်မှာ ပါဝင်လာခဲ့တဲ့ သီချင်း ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ထူးခြားတဲ့ MV ပုံစံနဲ့ ထွက်လာခဲ့ပြီး Old Town Road ပြီးတဲ့နောက် တော်တော်လေးကို လူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။
Featured Photo : Teen Vogue