လီယွန်နယ် မက်ဆီဟာ ကိုပါအမေရိကဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက ဘရာဇီးလ်အသင်းကို အနိုင်ရရှိပြီးနောက် အဆုံးအစွန်ဆုံး လေးစားမှုပုံစံကို ပြသခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ပြီးခဲ့တဲ့အပတ် မာရာကာနာကွင်းထဲမှာ ကိုပါအမေရိကဖလားကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး ၎င်းရဲ့ ပထမဆုံး နိုင်ငံတကာဆုဖလားကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းလယ်ဒိုင်က ပွဲပြီးဝီစီမှုတ်လိုက်ချိန်မှာ ကွင်းထဲမှာ မျက်ရည်လည်ရွဲနဲ့ ဒူးထောက်ငိုကြွေးခဲ့ပြီး ပြီးတဲ့နောက်မှာတော့ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

MESSI STOPS DE PAUL FROM MOCKING BRAZIL FOLLOWING COPA AMERICA WIN

Photo; marca

စိတ်ခံစားမှုတွေ မြင့်တက်နေပေမယ့်လည်း မက်ဆီဟာ ပွဲအပြီးအောင်ပွဲခံရာမှာ ပီလီကို နှိမ့်ချစော်ကားတဲ့ သီဆိုမှုတွေကို ရပ်တန့်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ပျောက်ကွယ်သွားခြင်းမရှိတာဖြစ်ပါတယ်။ ဒီမာရီယာရဲ့ ပထမပိုင်းသွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ရိုဒရီဂို ဒီ ပေါလ်က ဘောလုံးဂန္တဝင်တွေဖြစ်တဲ့ ပီလီ၊ မာရာဒိုနာတို့နဲ့ပတ်သက်တဲ့ သီချင်းကို စတင်သီဆိုခဲ့တာဖြစ်ပါတယ်။

ရွိုင်း နီမာရဲ့ ပြောကြားချက်အရ အဲဒီသီချင်းရဲ့ အဓိက ဆိုလိုရင်းဟာ “ဘရာဇီးလ်သားတွေရေ၊ မင်းတို့ကို ကြည့်ရတာ ဘယ်လောက်တောင် ခါးသီးနေလိုက်လဲ။ မာရာဒိုနာက ပီလီထက်ပိုပြီး ကြီးကျယ်ခမ်းနား၊ ပိုမိုကောင်းမွန်တယ်”လို့ ဆိုလိုတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ရိုဒရီဂို ဒီ ပေါလ်ကို အဲဒီသီချင်းဆိုနေတာကို ချက်ချင်း ရပ်တန့်ဖို့အတွက် အောင်ပွဲခံနေစဉ်မှာ မဆိုဖို့ လက်ဟန်ခြေဟန်နဲ့ ပြောပြီး လှည့်ထွက်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့ပေမယ့်လည်း မက်ဆီဘေးနားမှာရှိနေတဲ့ ဆာဂျီယို အဂူရိုကလည်း သီဆိုနေတာကို ရပ်ဖို့ ပြောကြားခဲ့ပြီး လူကြီးလူကောင်းပီသတဲ့ အခိုက်အတံ့ကို မြင်တွေ့ခဲ့ရပါတယ်။