ဘောလုံးလောကရဲ့ မှော်ပါရမီရှင်ကြီးမက်ဆီကတော့ အာဂျင်းတီးနားလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ တစ်ဖန်ပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။ဘာစီလိုနာကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားပွဲပြီးထဲက လက်ရွေးစင်အသင်းကနေ ပစ်ပယ်ထားခြင်းကို ခံနေရတာဖြစ်ပြီး ခြေစစ်ပွဲ သုံးပွဲကိုလည်း လွဲချော်ထားတာဖြစ်ပါတယ်။

Source : skysports

အာဂျင်တီးနားအသင်းဟာ ဒီနှစ်နွေမှာ ကိုပါအမေရိကဖလားကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး မက်ဆီရဲ့ အားကိုလည်းလိုအပ်နေတာဖြစ်ပါတယ်။ မက်ဆီအနေနနဲ့တော့ မက်ထရစ်မြှိုမှာ Venezuela နဲ့ယှဉ်ပြိုင်မဲ့ပွဲစဉ်ရယ် နောက်လထဲ Morocco နဲ့ပြိုင်မယ့် ပွဲစဉ်တွေမှာ ပါဝင်ကစားမှာလည်းဖြစ်ပါတယ်။

Source : skysports

West Ham အသင်းရဲ့ ကွင်းလယ်ကစားသမား လာဇနီကတော့ ဒူးဒဏ်ရာရှိနေပြီး အာဂျင်တီးနာအသင်းရဲ့ အားနည်းချက်ဖြစ်လာနိုင်ပါတယ်။ မက်ဆီအနေနဲ့ ၂၀၁၆ ခုနှစ်ထဲက နိုင်ငံအသင်းက အနားယူပြီလို့ကြေညာခဲ့ပေမယ့်လည်း နိုင်ငံချစ်စိတ်နဲ့ယခုအချိန်ထိ မိခင်အသင်းဂျာစီကို ဆက်လက်ဝတ်ဆင်နေတာလည်းဖြစ်ပါတယ်။

Source : skysports

နိုင်ငံအသင်းမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ရလေ့ရှိတဲ့ မက်ဆီတစ်ယောက် သူ့ရဲ့ လက်ရွေးစင်အသင်းနောက်ဆုံးနေ့ရက်တွေမှာ နိုင်ငံ့ဂုဏ်ဆောင်သွားနိုင်ဦးမလား။