ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ကိုရိုနာဗိုင်းပိုး ရပ်ကူးစက်ခံရမှုကနေ ပြန်ကောင်းလာဖို့ ထင်ထားတာထက် အချိန်ပိုကြာခဲ့ပေမယ့် မကြာမီရက်ပိုင်းအတွင်းမှာ ပြန်လည်ကစားခွင့်ရတော့မယ်လို့ ပီအက်စ်ဂျီပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါတယ်။

Lionel Messi reveals it's taking him 'longer than he thought' to recover from Covid in update to PSG

Photo : beIN SPORTS

အသက် ၃၄ နှစ်အရွယ် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ခရစ္စမတ်အားလပ်ရက်နဲ့ နှစ်သစ်ကူးကာလမှာ ၎င်းရဲ့ မွေးရပ်မြေ အာဂျင်တီးနားကို ပြန်ခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

မက်ဆီဟာ ၎င်းရဲ့ အင်စတာဂရမ်လူမှုကွန်ယက်မှာ ဇနီးဖြစ်သူ အန်တိုနယ်လာနဲ့အတူ နေအိမ်မှာ အနားယူနေတဲ့ ပုံတစ်ပုံတင်ခဲ့ပြီး ” ကျွန်တော် ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီးနောက် မက်ဆေ့ခ်ျပို့ပြီး သတင်းမေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ် ၊ ကျွန်တော် ကိုဗစ်ကူးစက်မှုကနေ ပြန်ကောင်းလာဖို့ ထင်ထားတာထက် အချိန်ပိုကြာခဲ့ပေမယ့် ပြန်ကောင်းလုနီးပါးဖြစ်နေပါပြီ ၊ မကြာခင် ကွင်းထဲမှာ ပြန်မြင်ရဖို့ တကယ်ကို မျှော်လင့်နေပါတယ်”

” ဒီရက်ပိုင်းအတွင်း ရာနှုန်းပြည့်ပြန်ကောင်းတာနဲ့ ပီအက်စ်ဂျီအသင်းနဲ့အတူ ကျွန်တော်လေ့ကျင့်ရေးတွေ ပြန်ဆင်းနိုင်တော့မှာပါ ၊ ဒီနှစ်အတွင်းမှာ လှပတဲ့ စိန်ခေါ်မှုတွေရှိခဲ့ပြီး ကျွန်တော်တို့ မကြာခင် ပြန်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်  ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Lionel Messi reveals it's taking him 'longer than he thought' to recover from Covid in update to PSG

Photo : News FR – 24

မက်ဆီဟာ ဗန်နက်စ်အသင်းကို ၄ – ၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်အပြီး ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း အတည်ပြုခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်နှစ်ပွဲကိုလည်း လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် စနေ့နေ့မှာ ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာလည်း ပြန်လည်ပါဝင်နိုင်ဖွယ်မရှိသေးသလို နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာလည်း ပါဝင်နိုင်အုန်းမှာမဟုတ်ပဲလက်ရှိမှာတော့ နေအိမ်မှာပဲ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပီအက်စ်ဂျီအသင်းကိုပြောင်းရွေ့လာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် ၁၆ ပွဲကစားထားကာ ၆ ဂိုး သွင်းယူပေးထားပါတယ်။

Featured Photo : Daily Mail