လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့ဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်တို့ဆီ အသီးသီး ပြောင်းရွှေ့ခဲ့ကြပြီး ဘောလုံးလောကတစ်ခုလုံးကို လှုပ်ခတ်စေခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ ကြေညာခဲ့ပြီး သိပ်မကြာခင်မှာပဲ ၎င်းတို့ရဲ့ ဂျာစီအသစ်ကို လိုချင်ကြတဲ့ ပရိသတ်တွေကြောင့် ဂျာစီရောင်းအားကလည်း တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ယခုနွေရာသီမှာ အသင်းပြောင်းရွှေ့ခဲ့ကြတဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား ၂ ဦးထဲက ဘယ်ကစားသမားရဲ့ဂျာစီက အများဆုံးရောင်းရလဲဆိုတဲ့ အချက်အလက် ထွက်ပေါ်လာပြီဖြစ်ပြီး ရော်နယ်ဒိုဟာ မက်ဆီထက် ၂ ဆနီးပါး ဂျာစီရောင်းအားပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။

Ronaldo released by Portugal, gets Man United number seven jersey again

Photo: Reuters

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပဲ ဝင်ငွေ ပေါင်သန်း ၂၀ ကျော် ရရှိခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့ ဂျာစီရောင်းအားဟာ ဆက်လက်မြင့်တက်နေဦးမယ်လို့ နားလည်ရပြီး လက်ရှိမှာတော့ ပေါင် ၁၀၃.၈ သန်းဖိုး ရောင်းချခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက်ဟာ ယခုနွေရာသီ ဂျာစီရောင်းချရမှု ပမာဏကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ဂျာစီ ရောင်းချရာကနေ ရရှိခဲ့တဲ့ ပမာဏဟာ ပေါင် ၁၈၇.၁ သန်းအထိ ရရှိနေပြီဖြစ်တာကြောင့် မက်ဆီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ ဆနီးပါး ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ ကြောက်မက်ဖွယ် ဂျာစီ ရောင်းချရမှုကြောင့် ဂျူဗင်တပ်အသင်းကို ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေးချေခဲ့ရတဲ့ ပေါင် ၁၂.၉ သန်း အပြည့်အဝ ပြန်လည် ရရှိခဲ့ပြီးဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ဂျာစီဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမြန်ဆုံးရောင်းချရတဲ့ ဂျာစီဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။

Lionel Messi jersey sales

Photo: inews

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီရဲ့ နံပါတ် ၁ အိမ်ကွင်းဂျာစီ အရောင်းရဆုံးအသင်းလည်း ဖြစ်လာခဲ့ပြီး ယူနိုက်တက်ရဲ့ တရားဝင် ဂျာစီအရောင်းဆိုင်တွေထဲက ၄ ပုံ ၁ ပုံဟာ ဂျာစီ အကုန်ရောင်းထွက်သွားခဲ့ပြီဖြစ်သလို ပြီးခဲ့တဲ့နွေရာသီက အချက်အလက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရော်နယ်ဒိုရဲ့ ကျောနံပါတ် ၇ ကို အွန်လိုင်းက ရှာဖွေမှုဟာ ၆၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Featured Photo: Sky Sports