လီယွန်နယ်မက်ဆီရဲ့သားတွေဟာ စနေနေ့ညနေက ၎င်းတို့ရဲ့ဖခင်သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောက တိုက်ရိုက်ကန်သွင်းမှုကြောင့် ပျော်ရွှင်ခဲ့ကြပြီး အောင်ပွဲခံခဲ့တဲ့ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဘာစီလိုနာအသင်းအတွက်ရော၊ လီယွန်နယ်မက်ဆီအတွက်ပါ အခုအချိန်အထိ ကောင်းမွန်တဲ့ရာသီမဟုတ်ခဲ့ဘဲ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်အောင် စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ စောင့်ဆိုင်းနေပုံရပါတယ်။

Photo: sportbible

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဘလွန်းဒီအော် ၆ ဆုရှင် လီယွန်နယ်မက်ဆီဟာ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဗုဒ္ဓဟူးနေ့က အက်သလက်တစ်ဘီလ်ဘာအိုနဲ့ပွဲမှာလည်း သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စနေနေ့ညနေမှာတော့ မက်ဆီဟာ ဂရာနာဒါအသင်းကို နောက်ထပ် သွင်းဂိုး ၂ ဂိုးကို ထပ်မံသွင်းယူခဲ့တာဖြစ်ပြီး ၎င်းရဲ့ပထမဆုံးသွင်းဂိုးကတော့ ပင်နယ်တီဧရိယာအတွင်းမှာ ကန်သွင်းယူခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ဂိုးကတော့ အလွန်ကောင်းမွန်တဲ့ ဖရီးကစ်နဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူခဲ့တဲ့ ဂိုးဟာ ဘာစီလိုနာပရိသတ်တွေအားလုံးကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့စေပေမယ့် သားတွေဖြစ်တဲ့ မက်တီအိုနဲ့ စီရိုတို့ကတော့ အပျော်ဆုံးဖြစ်ခဲ့တယ်ဆိုတာကို သူတို့ရဲ့ အောင်ပွဲခံနေတဲ့ ဗီဒီယိုက ပြသခဲ့ပါတယ်။

Photo : 90min

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေပေမယ့်လည်း ဂရာနာဒါနဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် လာလီဂါသွင်းဂိုး ၁၁ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး လာလီဂါထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။