Dendi (မူရင်းနာမည် Danil Ishutin) ကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် ယူကရိန်းနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ လူကြိုက်များတဲ့ Dota 2 Game ကစားသူတယောက်ပါ။ သူရဲ့နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ တကိုယ်တော် ကစားဟန်တွေကြောင့် လူသိများကျော်ကြားပါတယ်။

Dendi ဟာ ငယ်စဉ်ကတည်းက ဂိမ်းဆော့ရတာ ဝါသနာပါသူတစ်ယောက်ပါ။ ပြည်တွင်းပြိုင်ပွဲများမှာ သူ့ အသင်းအတွက် ဆုဖလားများစွာ ယူပေးခဲ့သူပါ။ ဒါကြောင့် Wolker Gaming လို့ခေါ်တဲ့ အဖွဲ့က မျက်စိကျပြီး အသင်းအတွက် ဝင်ကစားပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Dendi ဟာ အသက် ၁၇ ခုနှစ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် Dota ကစားသမားဘဝကို Wolker Gaming နဲ့ စတင်ခဲ့ပါတယ်။

Source: Dendi

Dendi ဟာ Dota 2 ကစားသမားဘဝကို ၂၀၁၁ ခုနှစ်တွင် Navi (Natus Vincere) အသင်းနဲ့အတူ စတင်ခဲ့ပါတယ်။ သူဟာ အဲ့နှစ်မှာပဲ အထမဆုံအနေနဲ့ ကျင်းပတဲ့ The International 2011(TI 1) ဖလားကို အသင်းနဲ့အတူ ရရှိအောင် စွမ်းဆောင်ပြခဲ့ပါတယ်။

Navi အသင်းဟာ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွေမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ အောင်မြင်မူများစွာရရှိခဲ့ပါတယ်။ အဲဒီ့နှစ်တွေမှာ Dendi ကို Navi အသင်းရဲ့ မရှိမဖြစ်ကစားသမား အဖြစ်လည်းကောင်း၊ Dota 2 game သမိုင်းတလျှောက် အအောင်မြင်ဆုံးနဲ့ ကျွင်းကျင်မှုအရှိဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Source: Navi Team Header

၂၀၁၄ အလွန် နောက်ပိုင်း နှစ်တွေမှာ Navi အသင်းရဲ့ ရလဒ် ဆိုးဝါးမူများနဲ့အတူ အသင်းရဲ့ ဂုဏ်သတင်းကျော်ကြားမှုလည်း ကျဆင်းလာခဲ့ပါတယ်။ ငယ်ရွယ်ပြီး နည်းစနစ်ပိုင်း ကျွမ်းကျင်တဲ့ ကစားသမားအသစ်တွေ ပေါ်ထွက်လာမူနဲ့အတူ Dendi ရဲ့ တခေတ်တခါက ကျော်ကြားမှုတွေဟာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ရပါတယ်။

Source: NaviDendi

သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝတလျှောက် Navi (Natus Vincere) အသင်းအတွက် ၈ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် ၂၀၁၈ စက်တင်ဘာလမှာ ပထမဆုံးအကြိမ်အနေနဲ့ အသင်းနဲ့ တရာဝင် လမ်းခွဲခဲ့ပါတယ်။ Navi အသင်းကနေထွက်ခွာလာပြီး နောက်ပိုင်း Dendi ဟာ Vega Auadron ၊ Tigers အသင်းတွေမှာ ဝင်ရောက်ကစားခဲ့ပါသေးတယ်။ ဒါပေမဲ့ အောင်မြင်မှု မရရှိခဲ့တာကြောင့် အသင်းတွေနဲ့ လမ်းခွဲခဲ့ရပါတယ်။ လက်ရှိမှာတော့ သူဘယ်အသင်းမှာ ကစားနေတယ်ဆိုတာ တရာဝင်ကြေညာထားခြင်း မရှိသေးပါဘူး။