အခြေအနေအားလုံး တည်ငြိမ်အေးဆေးသွားလို့ စိတ်လွတ်ကိုယ်လွတ် ခရီးသွားဖို့ ကြုံလာရင် ပျော်စရာတွေကို ပိုပြီး ထွန်းညှိပေးနိုင်ဖို့ ယမကာကောင်းကောင်းတစ်လုံးကို အဖော်အနေနဲ့ ခေါ်သွားဖို့ အကြံပေးချင်ပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်လုံး ကမ္ဘာ့ကပ်ဘေးကြီးအတွင်းမှာ ကိုယ်မအား စိတ်မအား ပင်ပန်းခဲ့တာ ဖြစ်လို့ ခရီးသွားမယ်ဆိုရင် အပန်းပြေစေမယ့် ပင်လယ်ကမ်းခြေတို့ ၊ ကိုယ်ရောစိတ်ပါ အနားယူနိုင်မယ့် တိတ်ဆိတ်အေးချမ်းတဲ့ တောင်ပေါ်မြို့တွေတို့ကို ရွေးချယ်သင့်ပါတယ်။ အပန်းဖြေခရီးမှာ စိတ်အကြောတွေပါ လျှော့ပေးနိုင်ဖို့ အခုပြောမယ့် ယမကာလေးတွေလည်း သယ်သွားသင့်ပါတယ်။

(၁) တက်ကီလာ

Tequila

Photo: barschool

နွေရာသီလို ပူပြင်းတဲ့ အချိန် ကမ်းခြေခရီးနဲ့ အလိုက်ဖက်ဆုံး ယမကာကတော့ တက်ကီလာပါပဲ။ တက်ကီလာက အဝင်ကောင်းတယ်။ ရနံ့သင်းတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အမြင့်ဆုံးခံစားမှုဆီ ဆွဲခေါ်သွားနိုင်စွမ်း ရှိတယ်။ နောက်ပြီး တက်ကီလာတွေဟာ တစ်စိမ့်စိမ့်သောက်ရင်းနဲ့ စိတ်ကို လှပအေးချမ်းတဲ့ မှတ်ဉာဏ်တွေဆီ ပို့ဆောင်ရာမှာ အကောင်းဆုံးအဖော်မွန်ပါပဲ။

(၂) ရမ်

Rum and Coke Recipe

Photo: MasterClass

ပင်လယ်ကြီးဟာ စိတ်ကို ထင်ယောင်ထင်မှား ဖြစ်စေဖို့ မှော်အဆန်ဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ပင်လယ်နဲ့အတူ မြည်းသင့်တဲ့ ယမကာကို ပြောပါဆိုရင် ရမ်ကို ညွှန်းချင်ပါတယ်။ ရမ်တွေဟာ ပင်လယ်နဲ့ သူငယ်ချင်းပါ။ ရမ်ရနံ့တွေထဲမှာ ဆားနံ့တွေ ၊ ပင်လယ်ဓါးပြတို့ရဲ့ ပုံပြင်တွေနဲ့ ငါးညှီနံ့တွေကို ရနိုင်ပါတယ်။ ပင်ပန်းခဲ့တဲ့ စိတ်ကို လွှတ်ချပြီး ပင်လယ်ကြီးနဲ့အတူ စီးမြောဖို့ ရမ်ကောင်းကောင်းတစ်လုံး ယူသွားဖို့ လိုပါတယ်။ သိပ်အပြင်းကြီးမကြိုက်ရင်လည်း အသီးတွေနဲ့ ဖောက်ထားတဲ့ ကော့တ်တေးတို့ Malibu တို့ကို မြည်းစမ်းနိုင်ပါတယ်။

(၃) ဝိုင်

Wine makes your creativity high

Photo: Food&Wine Magazine

ဝိုင်ဟာ ဖန်တီးမှုကို အားပေးတယ်။ စိတ်ကို ပိုစုစည်းနိုင်အောင် ကူညီပေးတယ်။ ဝီစကီလောက် မပြင်းလို့ သောက်ရတာလည်း အဆင်ပြေတယ်။ ငြိမ့်ညောင်းတယ်။ အသောက်ကြမ်းတဲ့သူတွေနဲ့တော့ သိပ်မလိုက်ပါဘူး။ ဒါပေမဲ့လည်း အပန်းဖြေခရီးဆိုတာ မူးပြီး အန်ဖို့မှ မဟုတ်တာ။ ဒါကြောင့် အပန်းဖြေရုံလောက်ဆို ဝိုင်ကောင်းကောင်း တစ်လုံးလောက်နဲ့တင် ပြည့်စုံပါလိမ့်မယ်။