ပုရိသတို့ရဲ့ အချစ်တော် BLACKPINK အဖွဲ့ဝင် ထိုင်းရက်ပ်ပါမလေး အဆို‌တော် Lisa ရဲ့ ပထမဆုံး ပွဲဦးထွက် တစ်ကိုယ်တော် စတူဒီယို အယ်လ်ဘမ်ကတော့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ ထွက်ရှိလာပါပြီ။ အယ်လ်ဘမ် နာမည်ကိုတော့ ‘Alter Ego’ လို့ ပေးထားပြီး စုစုပေါင်း သီချင်း ၁၅ ပုဒ် ပါဝင်ပါတယ်။

 

 

Source : LLOUD Official

‘Alter Ego’ အယ်လ်ဘမ်ထဲမှာ အရင်က Single အနေနဲ့ ထွက်ရှိဖူးခဲ့တဲ့ သီချင်းဟောင်းတချို့လည်း ပြန်လည်ပါဝင်လာပါတယ်။ Lisa ရဲ့ ဒီအယ်လ်ဘမ်မှာ Featuring အနေနဲ့ Doja Cat ၊ RAYE ၊ Rosalía ၊ Megan Thee Stallion နဲ့ Tyla တို့လို ထိတ်ထိတ်ကြဲ အဆိုတော်တွေလည်း ပါဝင်အားဖြည့် ပေးထားပြီး မတူညီတဲ့ Music Taste အသစ်တွေကို ခံစားနားဆင်ရမှာ ဖြစ်ပါတယ်။

Source : LLOUD Official

‘Alter Ego’ အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း ၁၅ ပုဒ်ကတော့……….

  1. Born Again ft. Doja Cat and RAYE
  2. ROCKSTAR
  3. Elasticgirl
  4. Thinder
  5. New Woman ft. Rosalia
  6. FXCK UP THE WORLD ft. Future
  7. Rapunzel ft. Megan Thee Stallion
  8. Moonlit Floor (Kiss Me)
  9. When I’m With You ft. Tyla
  10. Badgrrrl
  11. Lifestyle
  12. Chill
  13. Dream
  14. FXCK UP THE WORLD (Vixi Solo Version)
  15. Rapunzel (Kiki SOlo VErsion)

လက်တလောမှ ပူပူနွေးနွေး အသစ်ထွက်ရှိထားတဲ့ Lisaရဲ့ ‘Alter Ego’ တစ်ကိုယ်တော် အယ်လ်ဘမ်ထဲက သီချင်းလေးတွေကို ခံစားနားဆင်ပြီး ကွီးတို့ ကွန်းမန့်မှာ မန့်ချက်လေးတွေ ရေးခဲ့ပါဦး။

Source : Siachen Studios

Featured Photo : Billboard Philippines