ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ အဝလွန်နေတဲ့ လူပမာဏဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) နဲ့နှိုင်းယှဉ်ကြည့်ရင် (၃) ဆပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ဝိတ်ချဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ နေထိုင်စားသောက်မူပုံစံတွေပြောင်းရတယ်။ ပင်ပင်ပန်းပန်း အားကစားတွေလုပ်ရတယ်။ ကယ်လိုရီစားသောက်မူကိုလည်း ချင့်ချိန်ရသေးတယ်။ ဒီလိုတွေလုပ်နေပေမယ့်လည်း ဝိတ်ကျမသွားတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ဒါက လူတွေရဲ့ နေ့စဉ်ပြုမူနေထိုင်ပုံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။

ဒီနေ့ kwee page ကဝိတ်ချဖို့ အပြင်းအထန်ကြိုးစားနေပေမယ့် ဝိတ်ကျမသွားရတဲ့ အကြောင်းအရင်းကို ပြောပြပေးသွားမှာပါ။

မနက်စာ မစားခြင်း

Source: Weight Loss Made Practical

လေ့လာမှုတွေအရ မနက်စာကိုပုံမှန်စားသုံးပေးတဲ့လူတွေဟာ မစားတဲ့လူတွေထက် ဝိတ်တက်တာ နှေးကွေးလေ့ရှိကြောင်း ဆိုထားပါတယ်။ ဒီလေ့လာမူကို အရွယ်ရောက်ပြီး လူ (၃၅၀) ဖြင့် ပြုလုပ်ထားတာဖြစ်ပြီး မနက်စာစားတဲ့လူတွေက မစားတဲ့လူတွေထက် ခါးတိုင်းသေးငယ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ မနက်စာမစားဘဲနေခြင်းက နေ့ခင်းစာကို လိုအပ်တာထက် ပိုမိုစားသုံးစေဖို့ တွန်းအားတစ်ခုဖြစ်စေတာကြောင့်လို့ ထောက်ပြထားပါတယ်။

ရေကိုလုံလောက်စွာမသောက်ပေးခြင်း

Source: The Jakarta Post

ရေကိုလုံလောက်စွာသောက်ပေးခြင်းက ကယ်လိုရီတွေကိုပိုမိုလောင်ကျွမ်းစေပြီး ဝိတ်ကျစေပါတယ်။ လေ့လာမူတွေအရ တစ်နေ့ကို ရေတစ်လီတာ ကျော်သောက်ပေးတဲ့လူတွေမှာ တစ်နှစ်ကို (၂) ကီလိုဂရမ်ခန့် ဝိတ်ကျသွားတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တစ်ခုခုသောက်ခြင်လာပြီဆိုရင် ရေကိုသာအရင်ဆုံး သတိရလိုက်ပါတယ်။

ညဖက် နောက်ကျပြီးမှ အစာစားခြင်း

Source: UPMC Myhealth Matters

ညဖက်တွေမှာ နောက်ကျပြီးမှ အစာစားခြင်းဟာ ဝိတ်တက်စေတယ်လို့ ကျွင်းကျင်သူတွေက အတည်ပြုပြောကြားထားပါတယ်။ ညဖက်တွေမှာ အစာစားမယ်ဆိုရင် ကယ်လိုရီတွေက လောင်ကျွမ်းမသွားပဲနဲ့ အဆီအဖြစ်စုနေတက်ပါတယ်။ ဒါကြောင့် ညနေ (၆) ကျော်တာနဲ့ အစာများများစားခြင်းမှ ရှောင်ကြည်သင့်ပါတယ်။

အိပ်ရေးမဝခြင်း

Source: Human Resources – Human Resources Online

အိပ်ရေးဝဝ မအိပ်ရခြင်းက ဝိတ်အတက်အကျနဲ့ သက်ဆိုင်နေပါတယ်။ အိပ်ရေးမဝဘူးဆိုရင် ပင်ပန်းလာမယ်။ ပင်ပန်းလာရင် အားကစားလေ့ကျင့်ခန်းတွေ မလုပ်ချင်တော့ဘူး။ ပြီးတော့ ကော်ဖီတွေ carbohydrates များတဲ့အစားအစာတွေကို ရွေးချယ်စားသုံးလာမယ်။ အိပ်ရေးမဝခြင်းက ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် နေ့တိုင်း အနည်းဆုံး အိပ်ချိန် (၇) နာရီပြည့်အောင် ကြိုးစားပါ။

အရက်ဘီယာသောက်ခြင်း

Source: NZ Drug Foundation

ဘီယာသောက်ခြင်းဟာ ဝမ်းဗိုက်မှာအဆီပိုတွေ စုလာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲကိုဟော်တွေ အားလုံးနီးပါးဟာ ဝိတ်တက်စေတယ်လို့ ကျွင်းကျင်သူတွေက ပြောထားပါတယ်။ ဒါကြောင့် ဝိတ်ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ အရက်ဘီယာ သောက်ခြင်းကို လျှော့ချပေးသင့်ပါတယ်။