ကမ္ဘာကြီးကိုကို ကယ်တင်ဖို့လူတွေက လုပ်ငန်းအကြီးကြီးတွေ ပြသာနာအကြီးကြီးတွေ ဖြေရှင်းရမယ်လို့သာ ယူဆထားကြတယ်။ တကယ်တော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကိစ္စသေးသေးလေးတွေကနေ စသင့်ပါတယ်။
လူတိုင်းနီးပါက ကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ကို လိုးလာကြပါတယ်။ ဒီနေ့ kwee page က သဘာဝပတ်ဝန်းကျင်ကို ကြီးကြီးမားမားထိခိုက်စေတ့ လူတွေရဲ့အပြုအမူတွေအကြောင်း ပြောပြပေးသွားမှာပါ။
ဂျင်း အင်္ကျီ ဘောင်းဘီတွေ အများကြီးဝယ်ဝတ်ခြင်း

Source: DXL.com
ဂျင်းတစ်စုံထုတ်လုပ်ဖို့အတွက် ရေဂါလံ (၁၈၀၀) ခန့်အသုံးပြုရပါတယ်။ ဒါဟာ လူတစ်ယောက် (၁၀၄) ခါကျော် ရေးချိုးလို့ရတဲ့ ပမာဏနဲ့ညီမျှပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတယ် ကာကွယ်ချင်တယ်ဆိုရင်တော့ ဂျင်းဝတ်စုံတွေ အများကြီး ဝယ်ခြင်းဝတ်ခြင်းကို ရှောင်ရှားစေချင်ပါတယ်။
တစ်ခါသုံးတူ များအသုံးပြုခြင်း

Source: Bamboo Chopsticks Factory
အစာစားတဲ့အခါမှာဖြစ်ဖြစ် တစ်ခုခုဝယ်သုံးတဲ့အချိန်မှာဖြစ်ဖြစ် တစ်ခါသုံးပြီး လွှင့်ပစ်ရတဲ့အရာတွေ အသုံးပြုခြင်းမှ ရှောင်ရှားတာ အကောင်းဆုံးပါ။ တရုတ်နိူင်ငံ တစ်နိုင်ငံတည်းမှာပဲ တစ်နှစ်မှာ တူထုတ်လုပ်ဖို့အတွက် သစ်ပင်ပေါင်း (၃.၈) ဘီလီယံခန့် ခုတ်ပစ်နေကြပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့ကလွယ်ပါတယ့်။ တူအသုံးပြုတဲ့အခါမှာ အကြိမ်ကြိမ်အသုံးပြုလို့ရတဲ့ တူတွေကို ဝယ်ယူအသုံးပြုနိူင်ပါတယ်။
တစ်ခါသုံး သင်တုန်းဓားများအသုံးပြုခြင်း

Source: Bright Side
တစ်ခါသုံး သင်တုန်းဓားများအသုံးပြုခြင်းက ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ သူတို့ဆီမှာပါတဲ့ ပလတ်စတစ်အပိုင်းအစတွေက ပြန်လည်အသုံးပြုလို့မရတဲ့အပြင် ထုတ်လုပ်ဖို့အတွက်လည်း ရေအမြောက်အများအသုံးပြုရလေ့ရှိပါတယ်။ ပြီးတော့ သူတို့တွေကိုအသုံးပြုတဲ့အခါမှာလည်း ရေကိုအသုံးပြုရပါသေးတယ်။
ဒါကြောင့် အမွေးတွေရိတ်ဖို့အတွက် တစ်ခါသုံး သင်တုန်းဓားတွေကို အသုံးပြုမယ့်အစား လျှပ်စစ်အမွေးရိတ်စက်တွေကို ရွေးချယ်အသုံးပြုခြင်းက ပိုပြီးသင့်တော်မယ်ထင်ပါတယ်။
