PSG တိုက်စစ်မူး ဘာပေးဟာ ကလော့ပ်နဲ့လီဗာပူးအသင်းကို ချီးကျူးစကားပြောကြားသွားခဲ့ပါတယ်။ ကြိုးကြာနီတွေဟာ လက်ရှိမှာ ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၂၅) ဖြတ်ထားပြီး ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။ ကြိုးကြာနီတွေဟာ မနှစ်ကချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် စပါးအသင်းကို အနိူင်ရရှိခဲ့ပြီး ဖလားကိုထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့ပါတယ်။ မနှစ်ကပရီးမီးယားလိဂ်ဘောလုံးရာသီမှာလည်း ချန်ပီယံမန်စီးတီးအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိူင်သည့်အထိ အောင်မြင်မူတွေ ရရှိခဲ့ပါတယ်။

Source: Daily Star

ဒီနှစ်မှာလည်း (၂၀၁၉) ဇန်နဝါရီကတည်းက ယနေ့အထိ ရှုံးပွဲတစ်ပွဲသာ ရှိပါသေးတယ်။ တစ်ချိန်တည်းမှာပဲ လီဗာပူးဟာ ဘာပေးကို ငွေကြေးအမြောက်အမြားပေးပြီး ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် COVID-19 ကြောင့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ ကြိုးကြာနီတွေရဲ့နည်းပြဖြစ်သူ ကလော့ပ်ကတော့ ဘာပေးအတွက် လီဗာပူးအသင်းက တံခါးအမြဲတမ်းဖွင့်ထားကြောင့် ပြောဆိုခဲ့ဖူးပါတယ်။

Source: Daily Star

ဘာပေးကို လီဗာပူးအသင်းနဲ့ပက်သက်ပြီး Mirror ကမေးမြန်းခဲ့တဲ့အချိန်မှာတော့ “လီဗာပူးအသင်းက ပြိုင်ပွဲတွေကို လွယ်လွယ်နဲ့ အနိူင်ယူနေသလိုထင်ရပါတယ်။ ဒါပေမယ့် ဒါဟာ ဘယ်တုံးကမှ မလွယ်ကူခဲ့ပါဘူး။ သူတို့စွမ်းဆောင်ခဲ့သလို စွမ်းဆောင်ရည်မျိုး ကျွန်တော်တစ်ခါမှ မြင်ဖူးဘူး။ လီဗာပူးအသင်းသားတွေဟာ လေ့ကျင့်ခန်းကို ကြိုးကြိုးစားစားလုပ်သလို သူတို့မှာ နည်းပြကောင်းလည်း ရှိနေတယ်လေ။” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ဘာပေးဟာ လီဂူးဝမ်းမှာ ခြေစွမ်းကောင်းတွေ ပြသလျက်ရှိနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီတွင် အသင်းအတွက် ၃၃ ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း (၃၀) သွင်းယူပေးနိူင်ခဲ့ပါတယ်။

Source: AS English

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့လတွေတုံးက တိုက်စစ်မူးတစ်ဦးဖြစ်သူ Timo Werner ကိုလည်းခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ လာမယ့်နွေရာသီမှာ လီဗာပူးအနေနဲ့ တိုက်စစ်မူးတစ်ယောက်ခေါ်ယူနိူင်ဖို့အတွက် ကြိုးစားနေတာလည်းဖြစ်ပါတယ်။