စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ဘုန်းမောက်အသင်းတို့မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းဟာအန်ဖီးလ်မှာနိုင်ပွဲရလဒ်ကိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းအနေနဲ့ ဆာလာ၊ ဖေမီနို၊ မာနေ၊ ဗန်ဒိုက် ၊ ဝိုင်နယ်ဒမ် ၊ မီနာ ၊ ချိန်ဘာလင် စတဲ့ အဓိကကစားသမားတော်တော်များများအသုံးပြုကာ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ သို့သော်လည်း ထင်မှတ်မထားဘဲ ပွဲချိန် (၉)မိနစ်မှာ ဝီလ်ဆန်ရဲ့ အကောင်းဆုံးအဆုံးသတ်မှုကနေတစ်ဆင့် ဘုန်းမောက်အသင်းအတွက် ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။

Source : The Independent

အိမ်ရှင်လီဗာပူးလ်အသင်းအနေနဲ့ စောစီးစွာဦးဆောင်ဂိုးခွင့်ပြုလိုက်ရတဲ့အတွက် ပိုမိုဖိအားများလာခဲ့ပြီး ချေပဂိုးပြန်လည်ရရှိဖို့ အကြိတ်အနယ် ပြန်လည်ဖိအားပေးကစားခဲ့ရပါတယ်။ ပွဲကစားချိန် မိနစ် ၂၀ ကျော်လာတဲ့အမျှ လီဗာပူးလ်အသင်းဘက်မှ ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း များစွာရရှိခဲ့ကာ ပွဲချိန် (၂၅)မိနစ်မှာတော့ လီဗာပူးလ်အသင်းအတွက် ချေပဂိုးကို ဆာလာကအကောင်းဆုံး ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ချေပဂိုးရရှိပြီး နောက်ထပ် ၉ မိနစ်အကြာ ပွဲချိန် (၂၄) မိနစ်မှာ ဗန်ဒိုက်ရဲ့အကောင်းဆုံး ဖန်တီးပေးပို့မှုကနေဆင့် မာနေကလှလှပပဘဲ အကောင်းဆုံးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးထပ်မံရရှိသွားခဲ့ပါတယ်။

Source : Daily Express

ပွဲစဉ် ဒုတိယပိုင်းပြန်လည်စတင်ချိန်တော့ ၂-၁ ဂိုးနဲ့ ဦးဆောင်နေတဲ့ အိမ်ရှင်အသင်းကို ချေပဂိုးပြန်လည်သွင်းယူဖို့ ဘုန်းမောက်အသင်းအပြင်းအထန်ကြိုစားလာခဲ့ပါတယ်။ အခွင့်အရေးရရင်ရသလို လီဗာပူးလ်အသင်းနောက်တန်းကိုထိုးဖောက်လာခဲ့ပြီး ဒုတိယမြောက်သွင်းရရှိမယ့်အခြေအနေအထိ ဖြစ်ခဲ့ပေမယ့် ကံဆိုးစွာပဲ လီဗာပူးလ်အသင်းနောက်တန်းရဲ့ ရှင်းထုတ်မှုကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲချိန်ပြီးဆုံးသည်အထိ နှစ်သင်းစလုံး သွင်းဂိုးတွေထပ်မံရရှိခြင်း မရှိခဲ့တာကြောင့် (၂-၁)ဂိုးနဲ့ဘဲ အိမ်ရှင်လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာနိုင်ပွဲရလဒ်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

Source : Daily Express