ကြိုးကြာနီတွေဟာ သူတို့ရဲ့ လာမဲ့နွေရာသီ ပထမဆုံးကစားသမားခေါ်ယူမှုအနေနဲ့ Van Den Berg ကို ခေါ်ယူလိုက်ပါတယ်။ ဒီ ဒက်ခ်ျလူမျိုးကစားသမားကို ဘေယန်မြူးနစ်၊ အေဂျက်၊ PSV အသင်းတို့နဲ့ အပြိုင်ခေါ်ယူခဲ့ရတာပါ။

Source: Mirror

Sepp Van Den Berg ဟာ ဒက်ခ်ျကလပ် PEC Zwolle အသင်းမှာ ကစားနေတဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် နောက်ခံကစားသမားတဦးဖြစ်ပါတယ်။ အဆိုပါ ဗဟိုခံစစ်မှုးကို လီဗာပူးအသင်းက ပေါင် ၁.၃ သန်း ပေးချေပြီး အရခေါ်ယူခဲ့တာပါ။ Van Den Berg ဟာ ဒက်ခ်ျ ယူ ၁၉ အသင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာပါ။

Source: Extra.ie

လီဗာပူးအသင်းဟာ အဆိုပါကစားသမားကသာ အသင်းကြီးမှာ ပုံမှန်ကစားခွင့်ရရင် Add-Ons အနေနဲ့ ပေါင် ၃.၁ သန်း ပေးချေဖို့လည်း သဘောတူခဲ့ပါတယ်။ ဒါကြောင့် အဆိုပါကစားသမားရဲ့ တန်ကြေးဟာ ပေါင် ၄.၄ သန်းထိမြင့်သွားနိုင်ဖွယ်ရှိနေတာပါ။ အပြောင်းအရွှေ့ကတော့ လာမဲ့ ဇူလှိုင်လ ၁ ရက်နေ့မှာ ပြီးပြတ်မယ်လို့သိရပါတယ်။

“ဒါဟာအရမ်းအံ့သြဖို့ကောင်းပါတယ်။ ကျနော့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာပါပြီ။ ကျနော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒီအသင်းမှာ ကျနော့ရဲ့အနာဂတ်တောက်ပလာမယ်လို့မျှော်လင့်ပါတယ်” ဆိုပြီး အဆိုပါကစားသမားက လီဗာပူးသတင်း Website ကိုပြောခဲ့ပါတယ်။

Source: Daily Express

Van Den Berg ဟာ Zwolle စီနီယာကလပ်အသင်းအတွက် ၂၂ ပွဲပါဝင်ကစားပေးထားပါတယ်။ အဆိုပါကစားသမားဟာ လီဗာပူးလူငယ်အသင်းမှာ ခြေစွမ်းပြပြီး အသင်းကြီးမှာ ဝင်ရောက်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။ အဆိုပါကစားသမားဟာ အရပ် ၆ ပေ ၃ လက်မ ရှိတာကြောင့် အမြင့်ဘောတွေ ရှင်းထုတ်ရာမှာ ကျွမ်းကျင်မှုရှိတဲ့ နောက်ခံကစားသမားတဦးပါ။ လီဗာပူးအသင်းရဲ့ USA မှာကစားမဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားရဖို့ အခွင့်အလမ်းရှိနေပါတယ်။