စာချုပ်သစ်ချုပ်ဆိုရန် ဘိုင်ယန်မြူးနစ်အသင်းတွင် အဆင်မပြေဖြစ်နေသော နောက်ခံလူ အလာဘာကို ခေါ်ယူနိူင်ရန် ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် လီဗာပူးလ်အသင်းတို့က အပြိုင်ပစ်မှတ်ထားနေ ကြောင်းသတင်းတွေက ဖော်ပြနေကြပါတယ်။

Source: Euro Football Rumours

Telegraph ရဲ့ဖော်ပြချက်အရ အဆိုပါကစားသမားနှင့် ဘေယန်မြူးနစ်အသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်ဟာ တစ်နှစ်သာကျန်ရှိတော့ပြီး တကယ်လို့ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းက ၎င်းအား ရောင်းချဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Source: EPL Scouts

စာချုပ်သက်တမ်း ကုန်သွားရင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပေးရမှာဖြစ်တာကြောင့် စာချုပ်မပြည့်ခင် အမြန်ရောင်းချဖွယ်ရှိနေပါတယ်။ ဘေယန်မြူးနစ်အသင်းဟာ အလာဘာကို စာချုပ်သက်တမ်းတိုးရန် ကာလရှည်ကြာ ကြိုးပမ်းခဲ့သော်လည်း သဘောတူညီမှုမရရှိခဲ့ကြောင်း သိရပါတယ်။

အလာဘာကို ခေါ်ယူရန် ပြင်သစ်ထိပ်သီးကလပ် PSG ကအထူးစိတ်ဝင်စားနေပြီး ယခု ပရီးမီးယားလိဂ်မှ လီဗာပူးနှင့်မန်စီးတီးအသင်းတို့လည်း ပါဝင်လာခြင်းဖြစ်ပါတယ်။

Source: The Mirror

အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သော နောက်ခံလူအလာဘာဟာ ဘေယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈၁) ပွဲကစားပေးထားပြီး ဂိုးပေါင်း (၃၀) သွင်းယူပေးထားပါတယ်။