တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးနောက် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်တစ်ယောက် အတော်လေးကို ပျော်နေပုံရပြီး အသင်းရဲ့ ပရိသတ်အချို့ကို ဘီယာပုလင်းတွေ ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။

Liverpool manager Jurgen Klopp hailed as the 'best thing to happen to this club' as he shows his special bond with Reds fans by handing out beers after his side's victory over Crystal Palace

Photo : FirstSportz

လီဗာပူးလ်အသင်းဟာ လန်ဒန်တောင်ပိုင်းမှာ သွားရောက်ကစားခဲ့တဲ့ အဆိုပါ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာရှိ မန်စီးတီးအသင်းနဲ့ ၉ မှတ်အထိ အမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး မန်စီးတီးထက် တစ်ပွဲလျော့အနေအထား ရရှိထားပါတယ်။

အဆိုပါပွဲစဉ်မှာ အိမ်ရှင်ပဲလေ့စ်အသင်းအနေနဲ့ ဒုတိယပိုင်းပွဲကစားချိန်အထိ အကောင်းမွန်ဆုံးပုံစံနဲ့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် လီဗာပူးလ်အသင်းကစားသမား ဗန်ဒိုက်၊ ချန်ဘာလိန်နဲ့ ဖာဘင်ဟိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ – ၁ ဂိုးရလဒ်ဖြင့် ပြိုင်ဘက်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီအရေးပါတဲ့ နိုင်ပွဲအပြီးမှာ နည်းပြဂျာဂန်ကလော့ပ်တစ်ယောက် အတော်လေးကို ပျော်နေခဲ့ပြီး လန်ဒန်အထိလိုက်ပါ အားပေးခဲ့ကြတဲ့ ပရိ သတ်တွေကို အသင်းဘတ်စ်ကားပေါ်ကဆင်းကာ ကိုယ်တိုင်ဘီယာပုလင်းတွေ ဝေမျှပေးခဲ့ပြီး ပရိသတ်တွေကို ကျေးဇူးတင်စကားပြောခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ချစ်စဖွယ်အပြူအမူကို ဆိုရှယ်မီဒီယာတွေပေါ်မှာ ချီးမွမ်းနေကြပြီး ဒါဟာ လီဗာပူးလ်ပရိသတ်တွေနဲ့ ကလော့ပ်ရဲ့ကြားက ခိုင်မာတဲ့ဆက်ဆံရေးတစ်ခုကို ထပ်မံသက်သေပြခဲ့တာပဲလို့ ထောက်ပြပြောဆိုနေကြတာ ဖြစ်ပါတယ်။

Liverpool manager Jurgen Klopp hailed as the 'best thing to happen to this club' as he shows his special bond with Reds fans by handing out beers after his side's victory over Crystal Palace

Photo : Daily Mail

ဆိုရှယ်မီဒီယာ influencer တစ်ဦးဖြစ်တဲ့ ဒင်းကွန်းဘ်စ်ဆိုသူဟာ ကလော့ပ်ရဲ့ ဘီယာပုလင်းတွေ ကမ်းပေးနေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်ရိုက်ကူးပြီး ဆိုရှယ်မီဒီယာပေါ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အမာခံပရိသတ်တစ်ဦးကလည်း ” သူက ဒီလိုဂန္တဝင်နည်းပြတစ်ယောက် ၊ ဒီအသင်းကို ရောက်လာကတည်းက သူလုပ်ပြခဲ့သမျှ အရာအားလုံးက သဘောကျစရာတွေချည်းပဲ ၊ သူကအကောင်းဆုံး နည်းပြတစ်ဦးပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် နည်းပြကလော့ပ်ဟာ ပြီးခဲ့တဲ့ သတင်းပတ်က လီဗာပူးလ်အသင်းကို ကာရာဘောင်းဖလား ဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သလို ပရီမီးယားလိဂ်မှာလည်း မန်ချက်စတာစီးတီးနဲ့ အမှတ်ကွာဟမှု လျှော့ချနိုင်ခဲ့တဲ့အတွက် မာဆေးဆိုက်မှာ ပိုပြီးအောင်မြင်ကျော်ကြားရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မကြာခင်မှာ ကာဒစ်ဖ်စီးတီးနဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

Featured Photo : Daily Mail