လီဗာပူးအသင်းဟာ အိမ်ကွင်း (၂၀) ပွဲဆက် အနိူင်ရရှိထားပြီး ၁၉၇၂ ခုနှစ်တွင် လီဗာပူးအသင်း ကိုယ်တိုင် ရရှိထားတဲ့ အိမ်ကွင်း (၂၁) ပွဲဆက်နိူင် ပွဲစံချိန်ကို လိုက်မိရန် (၁) ပွဲသာ လိုပါတော့တယ်။

အဝေးကွင်း (၁၁) ပွဲဆက်နိူင်ပွဲ ရယူထားတဲ့ အသင်း ၂ သင်းရှိပြီး လီဗာပူးအသင်းက အဝေးကွင်း (၈) ပွဲဆက်နိူင်ပွဲ ရယူထားပါတယ်။ ဒီစံချိန်ကို လိုက်မီဖို့အတွက် အဝေးကွင်း (၃) ပွဲဆက်နိူင်ပွဲရယူဖို့လိုအပ်ပါတယ်။

Source: Daily Post

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) အပြီးမှာပင် အဆင့် (၅) နေရာမှ ရှက်ဖီးယူနိုက်တက်အသင်းကို (၃၇) မှတ်ဖြတ်ထားနိုင်သောကြောင့် ရာသီကုန်ရန် (၁၂) ပွဲအထိကျန်ရှိနေသော်လည်း လာမည့်ရာသီ အနိမ့်ဆုံး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာခဲ့သည်။

၁၉၉၆-၉၇ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် မန်ယူအသင်းသည် (၃၈) ပွဲကစားရာ၌ စုစုပေါင်းရမှတ် (၇၅) မှတ်သာရရှိခဲ့သော်လည်း၊ ယခုရာသီ လီဗာပူးလ်အသင်းသည် ပွဲစဉ် (၂၆) အပြီးတွင်ပင် (၇၆) မှတ်ရယူနိုင်ခဲ့ပါတယ်။

Source: Vbet News

လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်တွင်ပွဲဆက်ရှုံးပွဲမရှိသည်မှာ (၄၃) ပွဲအထိရှိလာခဲ့ပြီး အာဆင်နယ် (၄၉ ပွဲ) နောက် အင်္ဂလန်တွင် ဒုတိယအရှည် ကြာဆုံးစံချိန်ဖြစ်သည်။

Source: Squawka

လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်နိုင်ပွဲဆက်စံချိန်မှာလည်း (၁၇) ပွဲအထိရှိလာခဲ့ပြီး မန်စီးတီး (၁၈ ပွဲ) ကိုမီရန် (၁) ပွဲသာလိုအပ်တော့တယ်။